၅၅ (side couple)

9.6K 1.2K 41
                                    

Unicode

ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုသို့ ဇာတ်လမ်းရိုက်ကူးရန် သွားရောက်ခြင်း (ဒုတိယအပိုင်း)

ချင်းရှန်ကုမ္ပဏီသည်ကား ပွန်းဗီဒီယိုများ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီဖြစ်သည့်တိုင် အသုံးပြုသော စတူဒီယို နေရာများကမူ ဧရိယာကြီးမား၍ ဒီဇိုင်းအမျိုးမျိုး ရှိပေ၏။ ထို့အပြင် လူနေအိမ်များကဲ့သို့သော ပြင်ဆင်မှုမျိုးကိုလည်း အသေအချာ တည်ဆောက်ထားရှိသေးသဖြင့် ၎င်းကုမ္ပဏီ နေရာတစ်ခုလုံးမှာ ကြီးကျယ်ခမ်းနား ရသည်ပင်။ သို့ဖြစ်၍ အချို့သော ပုံမှန်ရုပ်ရှင်များကပါ ရန်းချီ၏ကုမ္ပဏီထံ၌ ရိုက်ကူးရန် ရံဖန်ရံခါ နေရာငှါးရမ်း လာတတ်ကြသေးလေသည်။

ကုမ္ပဏီက ထုတ်လုပ်လိုက်သည့် ပွန်းဗီဒီယို ရုပ်ရှင်များသည် အချိန်တိုင်း ရောင်းအားအမြင့်ဆုံး ဖြစ်ရ၏။ A အဆင့် ဗီဒီယိုများမှာ သာမန်ဇာတ်ကွက်အား အခြေခံ၍ ရိုက်ကူးထားသော ဇာတ်လမ်းမျိုးဖြစ်ကာ ၎င်းတို့၌ လိင်အသားပေးသည့် အကြောင်းအရာများကလည်း ပေါ်ပေါ်ထင်ထင် မပါရှိပါချေ။ ထိုအစား စကားပြောခန်းများကသာ တပုံတပင် ပါရှိတတ်သည်။ S အဆင့် ဗီဒီယိုများကမူ ရာနှုန်းပြည့် လိင်အသားပေးသည့် ဇာတ်လမ်းမျိုး ဖြစ်ရ၍ ချင်းရှန်ကုမ္ပဏီမှာလည်း ထိုကဲ့သို့သော ဗီဒီယိုများကိုသာ အဓိကထား၍ ဖြန့်ဖြူးရေးလုပ်ခြင်းပင်။

S အဆင့် ဗီဒီယိုများ၌ AV နှင့် GV ဟူ၍ အမျိုးအစား ထပ်မံခွဲခြားထားသေး၏။ AV ဟူသည်မှာ အမျိုးသားနှင့် အမျိုးသမီး ပါဝင်သရုပ်ဆောင်ထားသော ဇာတ်လမ်းမျိုး ဖြစ်၍ GV သည်ကား အမျိုးသားအချင်းချင်း ဖြစ်ကာ အထူးသဖြင့် သာမန်အမျိုးသားနှင့် ရှားပါးမျိုးစိတ် ကြားမှ ဆက်ဆံမှုအား ဖော်ပြခြင်းမျိုး ဖြစ်သည်။ ဤလောက၌ သာမန်အမျိုးသားနှစ်ဦး ပါဝင်သရုပ်ဆောင်ထားပါသည့် GV မျိုးလည်း ရှိသည့်တိုင် အစိုးရကမူ ၎င်းအမျိုးအစားအား အားပေးထောက်ခံခြင်း မရှိခဲ့ပါချေ။ အကြောင်းမှာ ၎င်းအခြင်းအရာက အင်ပါယာကမ္ဘာ၏ မျိုးပွားနှုန်းကိုလည်း အကျိုးမပြုနိုင်သောကြောင့်ပင်။ ထို့ကြောင့် သာမန်အမျိုးသားနှစ်ဦးကြားမှ ပွန်းဗီဒီယိုများမှာ လွန်စွာမှ နည်းပါးရလေ၏။

Application For Divorce  [ 离婚申请 ] Where stories live. Discover now