16

12.1K 2.1K 15
                                    

Unicode

“နိုးပြီလား..?”

သူ့လက်မောင်းကြားက လူသားလေးဆီက လှုပ်ရှားမှုအနည်းငယ်ကို သတိထားမိလိုက်တာကြောင့် ရင်းဆုယဲ့ မေးလိုက်တယ်။ သူ့ရဲ့အသံက ထုံးစံအတိုင်း အေးစက်နေပါသော်ငြား စိုးရိမ်နေဟန် အငွေ့အသက်တချို့လည်း ရောယှက်ပါဝင်နေခဲ့တယ်။

“အင်း..”

ရွှယ်ယို့ရှန်းက မျက်လုံးကို အသာဖွင့်လိုက်တယ်။ သူ့တစ်ကိုယ်လုံး နာကျင်နေပြီး ခေါင်းတစ်ခုလုံးလည်း နေရထိုင်ရခက်အောင် ချာချာလည်နေတော့တယ်။

ထင်တဲ့အတိုင်းပဲ၊ စုတ်ချက် ၆ ခုပါတဲ့ တရုတ်စာလုံးလေးတစ်လုံး ရေးလိုက်မိတာ သေတော့မလို့ပဲ။ ကံကောင်းလို့ သူ့ရဲ့ ဝိဉာဉ်စွမ်းအားနယ်မြေပါ မထိခိုက်သွားတာ။ နောက်တစ်ခေါက်ဆိုရင် ကျိန်းသေပေါက် ကံကောင်းတော့မှာ မဟုတ်ဘူး။ အလျင်စလို လျှောက်မလုပ်မိဖို့ ဆင်ခြင်မှဖြစ်မယ်..!

“ဒါဆို သွားကြရအောင်..”

ရင်းဆုယဲ့က သူ့လက်မောင်းပေါ်က ကောင်လေးကို အေးစက်စက်မျက်နှာထားနဲ့ တွဲထူပေးလိုက်တယ်။ လူစိမ်းတစ်ယောက်နဲ့ ခရီးသွားရမယ့်ကိစ္စ ရွှယ်ယို့ရှန်း ဘယ်လိုတုံ့ပြန်မလဲဆိုတာ လုံးဝပြန်မမေးခဲ့ဘူး။

“သွားမယ်..? ဘယ်ကိုသွားရမှာလဲဟင်..?”

Big Boss ဗီလိန်ကြီးရဲ့ လက်မောင်းကြားကနေ နိုးထားလာရတဲ့၊ ယုတ္တိမတန်တဲ့ အကြောင်းအရင်းကို လက်ခံနိုင်ဖို့ ကြိုးစားနေဆဲ ဆိုပေမယ့် အခုချိန်က လိုဏ်ဂူထဲကနေ ထွက်လို့ကောင်းတဲ့ အချိန်မဟုတ်ဘူးဆိုတာ သူ ကောင်းကောင်းကြီး နားလည်ပါသေးတယ်။ အကာအကွယ်စည်းအပြင်ကို ချောင်းကြည့်လိုက်တော့ ဝံပုလွေအုပ်ကြီးက ထွက်မသွားတဲ့အပြင် ဇွဲကောင်းကောင်းနဲ့ လမ်းကြောင်းပိတ်ပြီး သားကောင်တွေ လက်နက်ချမယ့်အချိန်ကို စောင့်နေလေရဲ့။

“ရတနာတွေ သွားရှာမလို့..”

ရင်းဆုယဲ့က သူ့စကားကို ရွှယ်ယို့ရှန်း နားလည်မှုလွဲနေမှန်း သိလိုက်တာနဲ့ ရတနာမြေပုံထုတ်ပြီး အမှတ်အသားပြထားတဲ့ နေရာကို ထောက်ပြလိုက်တယ်။ ထိုအမှတ်အသားက သူတို့သွားရမယ့် နေရာကို ညွှန်ပြနေတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now