17

12.1K 2.1K 37
                                    

Unicode

“နောက်ဆုံးတော့ လမ်းဆုံးကို ရောက်ခဲ့ပြီ..”

လမ်းအဆုံးထိ လျှောက်လာခဲ့ပြီးနောက် ရွှယ်ယို့ရှန်းက ကျောက်တုံးခန်းကြီးရဲ့ အရှေ့အဝင်ပေါက်မှာ မတ်တပ်ရပ်လိုက်ရင်း အခြေအနေတစ်ရပ်လုံးက ယုတ္တိမရှိသလို ခံစားလိုက်ရတယ်။ ဒီလမ်းကြောင်းက သူ့အတွက် တကယ့်ကို လွယ်ကူခဲ့တာပါ။ အခုတော့ များပြားလှတဲ့ အန္တရာယ်တွေ၊ ရှုပ်ထွေးတဲ့ စက်ယန္တရားတွေနဲ့ ပြည့်နှက်နေတာကြောင့် သူ့မှာ လမ်းတစ်လျှောက်လုံး ရင်းဆုယဲ့နောက်က ကပ်လိုက်ခဲ့ရတယ်။

ထောက်ချောက်မှန်သမျှကို ဖျက်ဆီးဖယ်ရှားနေတဲ့ ရင်းဆုယဲ့ရဲ့ အရှိန်အဝါကြီးလွန်းတဲ့ အသွင်အပြင်ကို ငေးကြည့်ရင်း၊ အခက်အခဲ အန္တရာယ်တွေအားလုံးကို ရင်ဆိုင်ကျော်လွှားရင်း၊ လမ်းအဆုံးထိ အေးအေးဆေးဆေး ရောက်လာနိုင်ခဲ့တယ်။

ဒါပေမဲ့ ဒီဇာတ်ကွက်က ပုံမှန်ဝတ္ထုတစ်ပုဒ်ရဲ့ ဇာတ်ရှိန်အတက်အကျကို သွေဖယ်နေတယ် မဟုတ်ဘူးလား.. ဟမ်..?

သူမှတ်မိသလောက်ဆို ဝတ္ထုစာကြမ်းရေးတုန်းက ရင်းဆုယဲ့ကို ဒီဇာတ်ကွက်မှာ သေလုနီးပါးအခြေအနေအထိ ဖြစ်သွားတယ်လို့ ရေးခဲ့မိတာပါ။ ပြီးတော့မှ ရင်းဆုယဲ့က သူ့ရဲ့သေလုနီးပါး ခန္ဓာကိုယ်ကြီးကို တရွတ်တိုက်ဆွဲပြီး ရတနာတွေရှိတဲ့ နေရာအထိ ရောက်သွားနိုင်ခဲ့တာ။

ဒီလိုဇာတ်ကြောင်းပြောင်းသွားတာက သူ ရင်းဆုယဲ့ကို မန္တန်အစွမ်းသုံးပြီး ကုသပေးလိုက်လို့များလား..? အဲ့တာကြောင့် ရင်းဆုယဲ့က အစွမ်းတွေပြည့်ဝလာပြီး ထောင်ချောက်တွေကို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်ခဲ့တော့ တစ်ကိုယ်လုံး ဖွတ်ဖွတ်ညက်ညက်ကြေမယ့် ကံကြမ္မာဆိုးကြီးကို ရှောင်ရှားနိုင်ခဲ့တာများလား..?

အဲ့လိုတွေးမိလိုက်တော့ ရွှယ်ယို့ရှန်းလည်း သူ့ရဲ့ကံတရားက တကယ့်ကို မြင့်မြတ်တာပဲလို့ ရုတ်ချည်း ခံစားလိုက်ရတယ်။ သူ ကူးပြောင်းလာတာနဲ့ ရင်းဆုယဲ့အတွက် အကောင်းဆုံး ကံကောင်းခြင်းတွေကို သယ်ဆောင်လာခဲ့ပြီးပြီ။

“အထဲဝင်ကြမယ်..” ရင်းဆုယဲ့က ကျောက်သားတံခါးကို တွန်းဖွင့်ရန် လက်ကို ဆန့်ထုတ်လိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now