32

10.2K 2K 65
                                    

Unicode

“တစ်ယောက်ယောက် လာနေတယ်..?”

တစ်ခဏကြာတော့ တောအုပ်ထဲကနေ ခန့်ညားတင့်တယ်စွာ ဝတ်ဆင်ထားတဲ့ လူငယ် ၄ ယောက် ထွက်လာတာကို ရွှယ်ယို့ရှန်း မြင်လိုက်ရလေတယ်။

“အင်း..”

ရင်းဆုယဲ့က ပုံမှန်အတိုင်း ပြန်ဖြေခဲ့တာကြောင့် သူ့အသံထဲက ရှုပ်ထွေးနေတဲ့ စိတ်ခံစားချက်တွေကို ဘယ်သူမှ သတိမပြုမိလိုက်ဘူး။

ထိုလူလေးယောက်ကို ရွှယ်ယို့ရှန်း မြင်လိုက်ရတဲ့အချိန် သူတို့ကလည်း ရင်းဆုယဲ့နဲ့ ရွှယ်ယို့ရှန်းကို သတိပြုမိသွားတယ်။ လူစိမ်းတွေက တစ်ခဏ ကြောင်အ,သွားပေမယ့် အလွန်ရွှင်မြူးသွားဟန်ဖြင့် သူနဲ့ ရင်းဆုယဲ့ထံ တန်းတန်းမတ်မတ် လျှောက်လာကြတော့တယ်။

ရွှယ်ယို့ရှန်းက သူတို့အမူအရာတွေကိုကြည့်ပြီး သူ့လို အပြင်ခရီးသွားနဲ့တွေ့လို့ ပျော်ရွှင်သွားတာလို့ပဲ ထင်မှတ်နေခဲ့တယ်။

‘အစားအသောက်တွေ လဲလှယ်လို့ရအောင် သူ့ဘက်ကစပြီး အရင်နှုတ်ဆက်လိုက်သင့်လား..?

ရွှယ်ယို့ရှန်းတစ်ယောက် ဘာလုပ်ရမလဲ ဆုံးဖြတ်ရခက်နေချိန် သူစိမ်း ၄ ယောက်ထဲမှ တစ်ယောက်က စတင်လှုပ်ရှားလာခဲ့တယ်။

"ဟေ့ကောင်တွေ.. မြန်မြန်လာကြ.. ငါတို့ ဘယ်သူနဲ့တွေ့နေတယ်ထင်လဲ.. ကြည့်လိုက်စမ်း.."

လူတစ်ယောက်က စိတ်အားထက်သန်စွာနဲ့ တခြားလူများကိုလည်း မြန်မြန်ရှေ့တက်လာဖို့ ဆော်ဩလိုက်တယ်။

"ဒါက မြို့စားမင်းရဲ့ အကြီးဆုံးသား 'နေမင်းအလင်းရောင်'လို့ နာမည်ကြီးနေတဲ့ ရင်းဆုယဲ့ မဟုတ်ဘူးလား..?"

နောက်တစ်ယောက်ကလည်း ရောက်လာတာနဲ့ ရွှယ်ယို့ရှန်းတို့ကို အထက်စီးဆန်ဆန် အထက်အောက် စုန်ဆန်ကြည့်ပြီး မထင်ထားလောက်အောင် အံ့အားသင့်သွားဟန်နဲ့ လှောင်ပြောင်လိုက်တယ်။

"ငါတို့ရဲ့ ကြီးမြတ်လှတဲ့ ဉာဏ်ကြီးရှင်ကြီးက ဒီလိုစိတ်ပျက်စရာ အခြေအနေမျိုး ဖြစ်နေလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူးကွာ.."

သူ့ရဲ့ စကားတွေထဲမှာ အထင်သေးနှိမ်ချတဲ့ အငွေ့အသက်တွေ ပါဝင်နေလေတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now