50

9.9K 1.8K 65
                                    

Unicode

“ကျွန်တော်တို့စားသောက်နေတုန်း ဘာမှလည်းမဖြစ်ဘူးနော်..?”

ရွှယ်ယို့ရှန်းက မေးလိုက်တယ်ဆိုတာထက် အထွန့်တက်နေတယ်ဆို ပိုမှန်လိမ့်မယ်။ စားပြီးသောက်ပြီး ဗိုက်တင်းသွားတော့ ဘာမှလုပ်စရာမရှိတော့ဘူး။ အဲ့လိုနဲ့ တွေ့ကရာလျှောက်တွေးတတ်တဲ့ အကျင့်က ပြန်ပေါ်လာခဲ့တယ်။

ဝတ္ထုစာအုပ်တွေရဲ့ စည်းမျဉ်းအရ ဒီလိုတည်းခိုဆောင်ဆိုတာ ပြဿနာအဖြစ်များဆုံး နေရာတစ်ခုပဲလေ။ အထူးသဖြင့် အဓိကဇာတ်လိုက်၊ သို့မဟုတ် ဗီလိန်ကြီး ရှိနေတဲ့အချိန်မှာပေါ့။ ပြဿနာတွေက အမြဲတမ်းလိုလို ပေါ်လာတတ်တာ။

ဒါပေမဲ့ သူနဲ့ဗီလိန်ကြီးရင်းဆုယဲ့ ဒီတည်းခိုဆောင်ကို ရောက်လာတာ အတော်ကြာနေပြီ။ အခုထိ ဘာမှမဖြစ်သေးဘူး။ အဲ့အစား သာယာပျော်ရွှယ်ဖွယ် အခြေအနေမျိုးတောင် ဖြစ်နေသေးရဲ့။ ကြည့်ရတာ ပုံမှန်ဝတ္ထုတစ်ပုဒ်နဲ့ ဘယ်လိုမှမတူတော့ဘူး။

“ဘယ်လိုအခြေအနေမျိုး ဖြစ်စေချင်လို့လဲ..?”

ရင်းဆုယဲ့လည်း ရွှယ်ယို့ရှန်းရဲ့ တောင်စဉ်ရေမရ ပြောတတ်တဲ့အကျင့်ကို တော်တော်လေး နောကျေနေခဲ့ပြီ။ အဲ့တာကြောင့် ရွှယ်ယို့ရှန်းကို အလိုက်သင့်ပြန်ပြောရင်း ထမင်းဆက်စားနေလိုက်တယ်။ ဟင်းတွေနဲ့ ပြည့်မောက်နေတဲ့ သူ့ရဲ့ ထမင်းပန်းကန်လုံးကို ကြည့်ရင်း နှုတ်ခမ်းထောင့်က အနည်းငယ် ကော့တက်သွားခဲ့လေတယ်။

ဒီဟင်းတွေအကုန်လုံးက ရွှယ်ယို့ရှန်း သူ့အတွက် ထည့်ပေးထားတာ။ ဒီကောင်လေး ဘာဖြစ်သွားတာလဲမသိဘူး။ သူက ‘ကောင်းပြီ’ လို့ ပြောလိုက်တာနဲ့ ရှိသမျှဟင်းတွေအကုန်လုံးကို သူ့ရဲ့ ထမင်းပန်းကန်လုံးထဲ ထည့်ပေးတော့တာပဲ။ ထမင်းပန်းကန်လုံးထဲမှာ နေရာလွတ်မရှိတော့လို့ပေါ့။ မဟုတ်ရင် စားပွဲပေါ်က ဟင်းတွေအကုန်လုံး ထည့်ပေးမယ်ထင်တယ်။ ဘယ်လောက်ချစ်စရာကောင်းပြီး ကိုးရိုးကားယားနိုင်တဲ့ ကောင်လေးလဲ..!

“အများကြီး ဖြစ်ပျက်လာနိုင်တယ်လေ..”

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို ‘ဒါလေးတောင် မသိဘူးလား..’ ဆိုတဲ့ နှိမ်ချသလို အကြည့်မျိုးနဲ့ ကြည့်လိုက်တယ်။ ဒီလောက်လွယ်ကူတဲ့ အဖြေကိုတောင် မသိဘူးလားဆိုတဲ့သဘောပေါ့။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now