52

9.8K 1.7K 41
                                    

Unicode

ရင်းဆုယဲ့ရဲ့ ထင်မြင်ချက်ကို ယုံကြည်ပေမယ့်လည်း အောက်ထပ်ကပြဿနာနဲ့ ပက်သက်ပြီး ရွှယ်ယို့ရှန်းမှာ အနည်းငယ် စိတ်မကျေမနပ် ဖြစ်နေခဲ့တယ်။ ဘာလို့လဲဆိုတော့ ရင်းဆုယဲ့ မှန်ကန်ကြောင်း သဘောတူလိုက်ရင် သူက အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်စွမ်းမရှိပါဘူးလို့ သွယ်ဝိုက်ဝန်ခံလိုက်သလို ဖြစ်သွားလိမ့်မယ်လေ။

ဘယ်ရမလဲ၊ ဒီတစ်ခေါက်တော့ သူ့ကိုယ်သူ စမတ်ကျအောင် နေတတ်သွားပြီ။ ဘာမှပြန်မပြောဘဲ သူတို့ရဲ့ သီးသန့်ခန်းအပြင်ဘက်၊ ဒုတိယထပ်ဝရန်တာမှာ မတ်တပ်ရပ်ပြီး အောက်ထပ်က ရန်ပွဲကို ဆက်ကြည့်နေလိုက်တယ်။

တစ်ချိန်တည်းမှာပဲ ရင်းဆုယဲ့ရဲ့ ထင်မြင်ချက် မှားယွင်းပါစေလို့ မျှော်လင့်ချက်သေးသေးလေးနဲ့ ဆုတောင်းနေမိခဲ့တယ်။ အဲတာဆို သူ့ကိုယ်သူ အမြင်မရှိတဲ့လူလို့ ဝန်ခံစရာမလိုတော့ဘူးလေ။ ကံမကောင်းချင်တော့ ရန်ပွဲရဲ့ နောက်ဆက်တွဲအခြေအနေက ရွှယ်ယို့ရှန်းကို မျှော်လင့်ချက်ထားတာ ကောင်းပေမယ့် အမှန်တရားက ခါးတယ်လို့ ပြောလိုက်သလိုပါပဲ။

သူတို့ရပ်ကြည့်နေတဲ့ နေရာနဲ့ ရန်ပွဲက အနည်းငယ် လှမ်းနေတော့ မိန်းကလေးနဲ့ လူကြမ်းအဖွဲ့ကြားမှာ ဘာတွေအငြင်းပွားနေသလဲ ဆိုတာကို ရွှယ်ယို့ရှန်း မကြားနိုင်ခဲ့ဘူး။ သူမြင်နေတာက တစ်ဖက်နဲ့တစ်ဖက် စကားများနေတယ်ဆိုတာပဲ။ ပြီးနောက် စတင်တိုက်ခိုက်ကြတော့တယ်။

အနီရောင်မိန်းကလေးကို လှမ်းကြည့်လိုက်တော့ သူမက စုစည်းထားတဲ့ ဆံပင်တွေကို လက်တစ်ဖက်နဲ့ ခါယမ်းလိုက်ပြီး ရှေ့ကို တစ်လှမ်းတိုးလိုက်တယ်။ သူမ လှုပ်ရှားလိုက်တာနဲ့ မီးခဲလို ရဲရဲနီနေတဲ့ အနီရောင်ကြာပွတ်တစ်ခုက ကျောက်စိမ်းလို သွယ်လျလှပတဲ့ သူမရဲ့ လက်ဖဝါးပေါ်မှာ ပေါ်ထွက်လာခဲ့လေတယ်။

အောက်ထပ်က အသံတွေကို ရွှယ်ယို့ရှန်း သေချာမကြားရပေမယ့် မိန်းကလေးရဲ့ လှုပ်ရှားမှုကို မြင်လိုက်ရုံနဲ့တင် သူမဖိနပ်နဲ့ ကြမ်းပြင် ထိခတ်သွားတဲ့အသံကို ကြားလိုက်ရသလိုပဲ။ ပြီးတော့ ကြာပွတ်ဝေ့ရမ်းနေတဲ့ အသံကိုရောပေါ့။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now