58

8.7K 1.7K 130
                                    

Unicode

ဘာပဲပြောပြော ဟော်ရူယန်ဆိုတာ အာဏာရှိမိသားစုတစ်ခုရဲ့ မျိုးဆက်တစ်ယောက်ပဲလေ။ ရင်းဆုယဲ့ရဲ့ ဖိအားအောက်မှာ အသက်မရှူနိုင်အောင် ဖိနှိပ်ခံထားရသော်ငြား မဆုတ်မနစ်တဲ့ဇွဲနဲ့ အံကြိတ်ရုန်းကန်နေတုန်းပဲ။

ဟော်ရူယန်က တစ်ကိုယ်လုံးမှာရှိသမျှ စွမ်းအားတွေအကုန်လုံးကို စုစည်းလိုက်ပြိး ထိုကြောက်မက်ဖွယ်ရာ ဖိအားအရှိန်အဝါကို ခုခံနိုင်ရန် ကြိုးစားလိုက်တယ်။ မောပန်းတကြီး အကောင်းဆုံး ကြိုးစားခဲ့သည့်တိုင်အောင် ဟောရူယန်ခမျာ အရိုးရှင်းဆုံး လှုပ်ရှားမှုဖြစ်တဲ့ ခေါင်းမော့တာပဲ တတ်နိုင်ခဲ့တယ်။

ဒါပေမဲ့ အဲ့တာကပဲ သူမအတွက် လုံလောက်နေလေပြီ။ သူမ သိချင်တာက ဘယ်သူ သူမကို ပစ်မှတ်ထားနေသလဲဆိုတာပဲ။ နောင်တစ်ချိန် ဒီအကြွေးအတွက် ပြန်ပေးဆပ်ရစေမယ်..!

“ရင်းဆုယဲ့..?!”

ဟော်ရူယန်က အပေါ်ထပ်မှာ မတ်တပ်ရပ်နေတဲ့ အမျိုးသားကို မယုံကြည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ ငေးကြည့်နေခဲ့မိတယ်။ သူမရဲ့ မျက်ဝန်းတွေထဲမှာ အံ့ဩကြည်နူးမှုတွေ အပြည့်။

ဒီနေရာမှာ ရင်းဆုယဲ့နဲ့ တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ အစောပိုင်းတုန်းက အဖြူရောင်လူငယ်နဲ့ တိုက်ခိုက်ဖို့ကိုပဲ အာရုံစိုက်ထားခဲ့မိတယ်။ ပြီးတော့ ရင်းဆုယဲ့ရဲ့ နေရာက နည်းနည်း အလှမ်းဝေးတယ်လေ။ အဲတာကြောင့် သတိမထားမိတာ နေမယ်..!

ရင်းဆုယဲ့နဲ့ မတွေ့တာကြာပြီဆိုပေမယ့် ဟော်ရူယန်က အကြည့်တစ်ချက်နဲ့တင် ရင်းဆုယဲ့မှန်း မှတ်မိသွားခဲ့တယ်။

ရင်းဆုယဲ့ရဲ့ အရှိန်အဝါက မိန်းမောတွေဝေလောက်တယ်။ မြင့်မားသွယ်လျတဲ့ အရပ်နဲ့ တည်ကြည်ဖြောင့်မတ်တဲ့ မျက်နှာသွင်ပြင်၊ အရာအားလုံးက စိတ်ကူးယဉ်ဖန်တီးထားသလားပဲ။ သူ့ရဲ့ နောက်ကျောဘက်မှာ ရွှေရောင်ဆံနွယ်တွေက မျောလွင့်နေတယ်။ ဒီအတိုင်းလေး မတ်တပ်ရပ်ပြီး လက်ပိုက်ထားတာတောင်မှ ရွှေရောင်အလင်းတန်းတွေနဲ့ တည်းခိုဆောင်တစ်ခုလုံးကို လွှမ်းမိုးထားသလို ထင်မှတ်ရတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now