69

8.2K 1.6K 77
                                    

Unicode

ပုံမှန်ဇာတ်ကြောင်းအတိုင်းဆိုရင်တော့ ဇာတ်သိမ်းပိုင်းအထိ ရင်းဆုယဲ့က တိုက်ခိုက်ရေးသမားပဲ ဖြစ်နေဦးမှာပဲ။ ဒါပေမဲ့ သူကရွှယ်ယို့ရှန်းလေ.. အဲ့လိုလုပ်စရာလား..?

အဓိကဇာတ်လိုက်အတွက် Golden Fingers (Cheat) တွေအများကြီး ဖန်တီးပေးထားမှတော့ ဗီလိန်အတွက်လည်း အနည်းအကျဉ်းတော့ ပေးရမှာပေါ့။ မဟုတ်ရင် အရမ်းမတရားသလို ဖြစ်သွားလိမ့်မယ်။ ပြီးတော့ အဓိကဇာတ်လိုက်နဲ့ ဗီလိန်က စွမ်းအားအရမ်းကွာခြားနေရင် စိတ်ဝင်စားဖို့ မကောင်းတော့ဘူးလေ။

ဇာတ်ရှိန်အတက်အကျမရှိရင် စာဖတ်သူတွေလည်း ဖတ်ချင်မှာမဟုတ်တော့ဘူး။ အဲ့တော့ ရွှယ်ယို့ရှန်းက ပရော်ဖက်ရှင်နယ် စာရေးဆရာတစ်ယောက်အနေနဲ့ အဓိကဇာတ်ကောင်နဲ့ ဗီလိန်ကြားမှာ စွမ်းအားကွာခြားချက် အရမ်းကြီးလာတဲ့အချိန် ဗီလိန်ကို တိုးတက်လာအောင် ကူညီပေးလိုက်တယ်။ စွမ်းအားညီမျှသွားအောင် ရွှယ်ယို့ရှန်းက နောင်လာမယ့် အပိုင်းတွေအတွက် ဒီလိုမျိုး အကြမ်းရေးထားလိုက်တယ်။

လူတစ်ယောက်က တော်ဝင်ရွှေရောင်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ရင် သူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြန်ပြီးပြင်ဆင်နိုင်လိမ့်မယ်။ အဲ့တာကြောင့် ရင်းဆုယဲ့က ဇာတ်ကြောင်းနောက်ပိုင်းမှာ တော်ဝင်ရွှေရောင်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီး သူ့ရဲ့ဖွဲ့စည်းပုံကို ပြန်ပြင်နိုင်ခဲ့တယ်။ သူ့ရဲ့ပျက်ဆီးသွားခဲ့တဲ့ မှော်ပညာသွေးကြောကို အကောင်းအတိုင်းဖြစ်အောင် ပြန်လည်ပြုပြင်နိုင်ခဲ့တယ်။

သူ့ရဲ့မှော်ပညာစွမ်းရည်က သူမတူအောင် ထက်မြက်လွန်းတော့ ပြန်လည်ကျင့်ကြံတဲ့အချိန်မှာ ထမင်းစားရေသောက်တာထက်တောင် လွယ်ကူသေးတယ်။ ဒါပေမဲ့ မှော်ပညာဘက်မှာ အရမ်းအားသာသွားတော့ ရင်းဆုယဲ့ရဲ့ ခန္ဓာကိုယ်ထဲမှာ မှော်ပညာနဲ့ တိုက်ခိုက်ရေးစွမ်းအားက အချင်းချင်း တွန်းကန်လာကြပြန်တယ်။

စွမ်းအားနှစ်ခုရဲ့ တွန်းကန်အားက အရမ်းကြီးမားလွန်းပြီး တစ်ခုနဲ့တစ်ခု ဖျက်ဆီးဝါးမြိုပစ်ချင်နေတယ်။ ရင်းဆုယဲ့က တစ်ခုခုမှားယွင်းနေတာကို ရှာတွေ့ခဲ့ပေမယ့် ရပ်တန့်လို့မရနိုင်ခဲ့ဘူး။ စွမ်းအင်တစ်ခုက တခြားတစ်ခုကို ဝါးမြိုနိုင်သွားခဲ့ရင် တော်ဝင်ရွှေရောင်အဆင့်ရောက်နေလည်း ချက်ချင်းပေါက်ကွဲပြီး သေဆုံးသွားရလိမ့်မယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now