Chapter-1

10K 247 5
                                    

" ဖြန်း"

"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ မဒမ်"

"ဖြန်း"

သူမ ခြေရင်းတွင်တောင်းပန်နေသည် အစေခံဆီမှ အော်ဟစ်သံများ ထွက်လာလေသည်။ ပါးရိုက်နေသည့် အမျိုးသမီးက အေးစက်စွာဖြင့်

"ငါ့ကို ဘယ်လိုတောင် အာခံရဲနေရတာလဲ ? ငါ့ကို စိတ်အနှောင့်အယှက်ပေးရဲတယ်ပေါ့"

"တောင်းပန်ပါတယ်။ ကျွန်မတောင်းပန်ပါတယ် မဒမ်"

အခုမှတောင်းပန်နေလို့အသုံးဝင်တော့ဘူး။ သူမရှေ့မှ အစေခံသည် ရင်ထိုးခိုးယူခဲ့ခြင်းကြောင့် အရိုက်ခံနေရခြင်းဖြစ်သည်။ သူမ ဒီကိစ္စကို ‌မကျော်သွားပေးနိုင်ဘူး။ ဒါ့အပြင် သူမကို ရိုက်နှက်နေခြင်းသည် ခိုးယူမှုကြောင့်မဟုတ်ပေမယ့် ဘာကြောင့်မှန်းမသိ သူမအား ရိုက်နေခြင်းဖြစ်သည်။

"ဘာကြောင့်လဲ ?"

သူမ၏ခြေလက်များအား ဆက်လက်လှုပ်ရှားနေရင်း မေးမြန်းခဲ့လေသည်။ လူတစ်ယောက်ဆိုရင် တရားနည်းလနယမ်းကျတာတွေပဲ လုပ်ရမယ်။

"ဖြန်း"

"အားးးး......." မျက်ရည်များရွှဲနေသော အသံ နောက်တစ်ခု ထွက်လာခဲ့သည်။

"အမေ.....အဆင်ပြေရဲ့လား ?"

အခန်းအပြင်ဘက်မှ သူများသည် ထို အုတ်အော်သောင်းကျန်းမှုကို ကြည့်ရန် လာခဲ့ကြသည်။ သူတို့ရှေ့က မြင်ကွင်းက သူတို့ အသက်ရှူရပ်မတက်ပင်။

"အို........"

သူတို့သည် ကြောက်လန့်တကြား ထပ်တံခါးပိတ်လိုက်လေသည်။ သို့သော် တံခါးအပြင်ဘက်မှတီးတိုးသံများက မရပ်သွားပေ။

"ဒီအ‌ေစခံ‌ေလးက မယ်ရီမလား ? ဘာတွေဖြစ်နေကြတာလဲ ?"

"ဘာပဲဖြစ်ဖြစ် သခင်မကတော့ နောက်ထပ် အပြစ်မရှိတဲ့ အစေခံကို နှိပ်စက်ပြန်ပြီး။ "

"အဲ့တာက တစ်ရက် နှစ်ရက်လည်း မဟုတ်ဘူး"

စကားပြောသံများ သူမနားထဲ ဝင်လာခဲ့သည်။ သူတို့ကို အရေးတယူ မလုပ်ချင်သောကြောင့် သူမ ဂရုမစိုက်ခဲ့ပေ။

နေဦး အရေးတယူ လုပ်ရမှာလား ?

သူမစိတ်ထဲတွင် ပေါ်လာသော အတွေးများကြောင့် သူမတုံ့ဆိုင်းသွားသည်။ ထို့နောက် သူမ ရုတ်တရက် ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now