Chapter 7

1.5K 172 0
                                    

အစေခံ၏လက်များသည် ကြောက်ရွံ့မှုကြောင့် သိသိသာသာ တုန်ခါနေခဲ့သည်။ သူမ၏စိုးရိမ်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ နိုးလ်၏ခွက်ထဲသို့ သေချာ လောင်းထည့်ပေးနိုင်ခဲ့သည်။ သို့သော် လန့်ခ်ျ ရဲ့ ခွက်ထဲ‌သို့ လောင်းထည့်သောအခါ ပြဿနာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"အို.....ကျွန်မတောင်းပန်ပါတယ်...."

တုန်လှုပ်နေသော အစေခံသည် လက်ဖက်ရည်အိုးကို ချလိုက်သည်။ သို့သော် လက်ဖက်ရည်အိုးသည် ကြမ်းပြင်ပေါ်သို့ ကျသွားပြီး လန့်ခ်ျ ၏ လက်အား သွားစင်လေသည်။

"သမီး.....!!!"

နိုးလ် စိုးရိမ်သွားကာ မတ်တပ်ရပ်ပြီး

"ဘယ်နား နာသွားလဲ သမီး???"

"အဆင်ပြေရဲ့လား မဒမ်!!!"

အခြား အစေခံသည် သူမနားကပ်လာကာ မေးမြန်းခဲ့သည်။ တစ်ချိန်ထဲမှာ နိုးလ်သည် စိတ်ဆိုးလာခဲ့လေသည်။

ငါ ဘယ်လောက်ပဲ ထိတ်လန့် ထိတ်လန့် ဒါပေမယ့် အခုက ကလေးက ပထမ ဦးစားပေးပဲ !!!

"သမီး အဆင်ပြေပါတယ် လူတိုင်း စိတ်အေးအေးထားကြပါ။"

နိုးလ် သည် ရုတ်တရက် အော်လိုက်ကာ လန့်ခ်ျ၏ လက်အား ဆွဲယူလိုက်သည်။

"ရေအေး မြန်မြန် သွားယူစမ်း...."

သို့သော်လည်း အစေခံများသည် ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေများကြောင့် ကြောင်အနေခဲ့သည်။ အစေခံများ၏ လေးတိလေးကန်မှုကြောင့် နိုးလ်သည် စိတ်ဆိုးလာခဲ့ပြန်သည်။

ဒီ ကြီးကောင်ကြီးမား တွေက အကူအညီကို မရဘူး!!!!

နောက်ဆုံးတော့ နိုးလ်သည် ပြုတ်ကျနေသော အိုးကို ကောက်လိုက်လေသည်။ တော်သေးတယ် ...မကွဲလို့ ..... ထို့နောက် သူမသည် အရှေ့မှ ရေပန်းမှ ရေကို သွားရောက် ခပ်ယူလိုက်ပြီးနောက် ကတိုက်ကရိုက် ပြန်လှည့်လာကာ သူမလေး၏ လက်ပေါ်သို့ ဖြေးညှင်းစွာ လောင်းပေးခဲ့သည်။

"အို.....ဘုရားရေ.... တော်တော်လေး နာနေလိမ့်မယ်။"

သို့သော် လန့်ချ် သည် လုံးဝ မငိုခဲ့ပေ။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now