Chapter 80

190 20 1
                                    


ရူပါ့ခ်သည် သူမလက်အား ညင်သာစွာ ကိုင်တွယ်ကာ သူမ နောက်ဆုတ်စေရန် ကြိုးစားနေလေသည်။ သေချာတာပေါ့... သူမ ခုခံနေလေသည်။

"နိုးလ်...."

"ရှင်ဆိုလိုတာက ကျွန်မသိပါတယ်... သရဲ မြင်လိုက်တာက အန္တရာယ်မရှိဘူးလို့ ပြောချင်တာမလား? "

"ဟုတ်တယ်"

အန္တရာယ်မရှိရင်တောင် ကြောက်စရာကြီးလေ။

"ရှင် ရှင်းပြတာ ကျေးဇူးတင်ပါတယ်။ အန္တရာယ်မရှိဘူးဆိုတာ ကျွန်မ နားလည်တယ်။ ဒါပေမယ့် အဲ့ဒါကြီးက နောက်ထပ်မပေါ်လာနိုင်ဘူးလို့တော့ မဆိုလိုဘူးလေ"

"မကြောက်ပါနဲ့... ဒီထက်နောက်ကျရင် မင်းအိပ်ရတာ အနှောင့်အယှက်ဖြစ်လိမ့်မယ်"

ကျွန်မလည်း ယုံချင်ပါတယ်။ ဒါပေမယ့် ဒါကြီးက အရမ်း ပြင်းထန်လွန်တယ် ! ငါ ပြန်မသွားချင်ဘူး။ ဘာဘဲလုပ်ရလုပ်ရ ကိစ္စမရှိဘူး! ရူပါ့ခ်နားနေရတာကမှ လုံခြုံသေးတယ် !

"အဲ့တာကြီး ထပ်မပေါ်လာပါဘူးလို့ ကတိ မပေးနိုင် မချင်း ကျွန်မ ပြန်မသွားနိုင်ဘူးနော်"

"ဒါ ကိုယ့်အခန်း"

"ကျွန်မတို့က လင်မယားလေ။ ခဏလောက် အတူနေတာ ဘာဖြစ်သွားမှာ မို့လဲ? "

ကျွန်မ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ပလိုက်သည်။

ဒီတခေါက်တော့ တကယ် ဖလစ်ဖို့ကြိုးစားတာ မဟုတ်ဘူး။

သူမ တကယ်ကြောက်တာ။

"ဒါဆို ကိုယ် လိုက်ပို့မယ်"

ရူပါ့ခ်က သူမကို ပွေ့ဖက်ပြီး သူမအိပ်ခန်းဆီသို့ ပြန်ပို့ရန်အဆင်သင့်ဖြစ်နေပါပြီ။  ထို့နောက် သူမ ချက်ချင်းငြင်းလိုက်သည်။

“မသွားချင်ဘူး။  ဝိညာဉ်တွေက ဘယ်လောက်ပဲကောင်းကောင်း.... သူမ သရဲတစ္ဆေနှင့် အခုမှ ပထမဆုံးတွေ့ဖူးခြင်းပင် .... ဒါကြောင့် မပြန်ချင်ဘူး!"

သူမတို့ ခဏတာ ထိပ်တိုက်တွေ့သွားသည်။  ဟုတ်ပါတယ် .... သူ သူမကို တွန်းအားပေးတာ မဟုတ်ပါဘူး။ 

သူမ အလျင်စလိုပြောလိုက်သည်။

“အရင်င်တစ်ခေါက်က ကျွန်မ ရှင့်ကို မေးခွန်းပြန်ထုတ် ခဲ့လို့လား။  ရှင့်ရဲ့လျှို့ဝှက်ချက်ကို အရင် မပြောပြခဲ့လို့လား? ရှင်  အဲဒါကို စိတ်ဆိုးနေတာလား?  ကျွန်မ ပြောသမျှကို ပြန်ရုတ်သိမ်းတယ်။  ရှင် ကျွန်မကိုပြောစရာမလို‌ေတာ့ဘူး။ ဒါကြောင့် ကွျန်မကိုမမောင်းထုတ်ပါနဲ့!"

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now