Chapter 79

138 14 2
                                    

"ကြားရတာ ဝမ်းသာပါတယ်"

အတည်ပေါက်ကြီးနဲ့ ပြောပြီးကာမှ ပေါ့ပါးသော အသွင်ဖြင့် "တို့ ဘေးနားမှာ သရဲတွေ ရှိတယ်"

သူမ ချက်ချင်း မေးမိတာ နောင်တရသွားတယ်။ ငါ့ဆံပင်တွေ ထောင်နေတာဘာကြောင့်လဲ? လည်ပင်းက အမွှေးနုတွေတောင်မှ ထောင်နေတယ်လို့ ခံစားနေရလေသည်။

သူရဲ့ တောက်ပတဲ့ အမူအရာတွေက မတူညီတဲ့ အကြောင်းအရာကို ပြောနေတယ်လို့ ဘာလို့ခံစားနေရတာလဲ?

"ဒါ ..ဒါ နောက်နေရမယ့်အချိန်မဟုတ်ဘူး"

"မင်း အထိမခံ ဖြစ်နေတာပဲ..ကြောက်နေတာလား?"

"အင်း ကြောက်တယ်"

သေချာတာပေါ့ ! အရွယ်ရောက်နေပေမယ့်လည်း သရဲကြောက်တယ် ! သတ္တိရှိဖို့ကြိုးစားဖူးပေမယ့် အချည်းနှီးပဲ !

ဒါ့အပြင် ဒီကမ္ဘာက မှော်ပညာတွေနဲ့ ကမ္ဘာလေ ! သရဲတွေနဲ့လည်း အယူသည်းတာပဲဖြစ်ဖြစ် မဆက်ဆံနိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့က တကယ်ရှိနေကြတာ ! ဒီ ကမ္ဘာ က အလောင်းကောင်းက တစ်ခါတစ်လေ ထပြီး မကောင်းဆိုးဝါးလို လိုက်သွားနေကြတာ ! သူမအတွက် သရဲ ကြောက်တယ်ဆိုတာ အဆိုးရွားဆုံး ပတ်ဝန်းကျင်ဖြစ်နေလို့ပဲ !

"တစ်ယောက်ယောက်က တားမြစ်ထားတဲ့ မှော်ပညာနဲ့ သူတို့ကို ဆင့်ခေါ်ခဲ့တယ်။ အခု အရေးကြီးဆုံးက တရားခံကို ဖမ်းမိဖို့ လိုပြီး  သူရဲ့ လုပ်ဆောင်မှုတွေကို စစ်ဆေးဖို့ပဲ"

"သူတို့ ဘယ်နေရာမှာ ပေါ်လာခဲ့တာလဲ? သူတို့ ဒ..ဒီရောက်ပြီလား? "

"သူတို့က လိုက်ရွေ့နေပုံပဲ။ သူတို့ကို ခြေရာခံမိတာ သုံးရွာ ရှိတယ်။ သူတို့ကို နောက်ဆုံး တွေ့လိုက်ရတာက ဒီ နယ်မြေထဲမှာပဲ"

"ရှင် ဆိုလိုတာက ဒီမှာ ရှိနေပြီပေါ့"

"ဟုတ်တယ်"

"ရှင် သူတို့က ဖမ်းနိုင်လား ? "

"ကံကောင်းရင် ပေါ့။ မှော်စွမ်းအားအများစုက သေခြင်းတရားနဲ့ ဆက်စပ်နေလို့ ‌အားကောင်းကျတယ်။ ဒါကြောင့် ကိုယ်တို့တွေ ဂရုတစိုက်ချဉ်းကပ်နေကြပါတယ်"

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now