Chapter 15

1.4K 153 1
                                    




ထိုအခြေအနေကို အခွင့်ကောင်းယူကာ သူဆီသို့ လျှောက်သွားခဲ့သည်။ ရူပါ့ခ်သည် လှည့်လာကာ သူမအား မကျေမနပ်ဖြင့်

"ဘာဖြစ်ပြန်ပြီးလဲ ???"

"ရှင် ကျွန်မခေါ်နေတာကို မကြားဟန်ဆောင်နေတာမလား ဟမ်...."

"ငါ တကယ် မကြားတာ.... "

အလိမ်အညာက သိသာလွန်းတယ်။ ငါစိတ်ဆိုးလာပြီး...... သူနဲ့ ဒီအကြောင်းကို ဆက်ငြင်းခုန်နေရင် ငါ့တော့ အားကုန်သွားလိမ့်မယ်။

"ကောင်းပြီး ကျွန်မ မေးစရာ ရှိလို့ ..."

ရူပါ့ခ်သည် ပါးစပ်ပိတ်လိုက်ပြီး သူမအား အကြည့်တစ်ချက်ပေးခဲ့သည်။

"ကျွန်မအခန်း ထဲက ဘူးတွေက ဘာလဲ??"

"နောက်ဆံုးအကြိမ် တုန်းက အတွက် ဆုလာဒ် ..."

နိုးလ် မမျှော်လင့်ထားသော အဖြေကြောင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

"နောက်ဆုံးအကြိမ်???"

သူမ တွေးနေသည်။ နောက်ဆုံးအကြိမ်တုန်းက ဘာဖြစ်ခဲ့တာလဲ ??

"အိုးးး...ရှင့် ဒဏ်ရာကို ကုပေးခဲ့လို့လား ? စဉ်းစားကြည့်ရင် ကျွန်မ ရှင့်မျက်နှာကို ဒီတစ်လော တွေ့တောင် မတွေ့မိဘူး။ အဲ့ဒီရည်ရွယ်ချက်ကြောင့် ဖြစ်နိုင်လို့လား ?"

ရူပါ့ခ်သည် ပွင့်ပွင့်လင်းလင်း ပင်

"မဟုတ်ဘူး ငါအလုပ်ရှုပ်နေလို့ ..."

"အနာမကျက်သေးဘူးမလား ?? အဖျားဝင်ပြီး ရှင်ဦးနှောက်ပျက်သွားတာလား ?"

နိုးလ်သည် ဂရုတစိုက်နှင့် သူ၏နဖူးပေါ်သို့ လက်တင်ကာ ခန္ဓာကိုယ် အပူချိန်အား စစ်ဆေးလိုက်သည်။

"ရှင့်မှာ အဖျားရှိနေတယ်လို့ မထင်ဘူး ဒါမှမဟုတ် တစ်ခုခု မှားစားမိလို့လား ???"

ထိုအခိုက် ရူပါ့ခ်သည် တောင့်တင်းသွားခဲ့သော်လည်း ချက်ချင်း တုံ့ပြန်ခဲ့သည်။

"ငါနေကောင်းပါတယ်။ မင်းကို ပစ္စည်းတွေ ပို့လိုက်လို့ ငါနေမကောင်းဘူးလို့ မင်းထင်နေတာလား ??? "

"ရှင် တကယ်မသိလို့ မေးနေတာလား ???"

“……”

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now