Chapter 41

806 94 7
                                    

"လွှတ်စမ်း.... ငါဘယ်သူလဲဆိုတာ မင်း...မင်းသိရဲ့လား?"

အမှန်တကယ်လည်း သူမ ထိုသူကို ဝိုင်ပုလင်းနဲ့ ရိုက်ချင်နေတာမို့ ထိုယုန်နဲ့သူကို မတားမြစ်တော့ပေ။

ယုန်လေး ရှင်ကတကယ်စိတ်ကြီးတာပဲ.....

ထို့နောက်တစ်စုံတစ်ယောက်က သူမပခုံးကို လာထိလေသည်။ "ဟမ်....!"

သူလှည့်လိုက်တဲ့အခါ အညိုရောင်ဝက်ဝံကြီးကိုမြင်လိုက်ရလေသည်။ အတိအကျပြောရရင် ဝက်ဝံဝတ်စုံဝတ်ထားတဲ့ သူပေါ့။

အရင်က ဒီလို ဝတ်စုံ မြင်ဖူးသလိုပဲ....

ဝက်ဝံဝတ်စုံဝတ်ထားတဲ့သူက အရပ်ရှည်တယါ။ ယုန်ဝတ်စုံနဲ့ သူလိုပဲ.... ထိုဝက်ဝံက သူမကိုင်ထားသည် ဝိုင်ပုလင်းကို ညွှန်ပြ၍

"အမ်.... အဲ့ပုလင်းပေးလို့ရမလား?"

နိုးလ်သည်ခေါင်းငြိမ့်ပြီး သူ့လက်ထဲသို့ကမ်းပေးလိုက်သည်။ ထိုသူသည် ယူပြီးနောက် လက်နှစ်ဖက်ဖြင့် အသာ ဖွင့်လိုက်သည်။

သူက လူယဉ်ကျေးလေးပဲ.....

ထိုဝက်ဝံသည် ဝိုင်ပုလင်းကိုသေချာစွာဆုပ်ကိုင်ပြီးနောက် ယုန်ဖမ်းထားတဲ့ လူအား ဦးတည်ကာ လွဲယမ်းလိုက်လေသည်။

အိုးးးး ဒီဝက်ဝံလည်း လူရိုင်းကောင်ပဲ...

"ဟေး ငါတောင်းပန်ပါတယ်..တောင်းပန်ပါတယ်...ဘုရားရေ..."

ယုန်နဲ့ ဝက်ဝံကိုကြည့်နေသည့် သူက ကြောက်ရွှံ့မှုဖြင့် တုန်လှုပ်လာကာ မျက်နှာကလည်း ပြာနှမ်းလာခဲ့လေသည်။ သူမ ဒီမြင်ကွင်းကို တကယ်ကြီး မြင်လိုက်ရတော့ ဘယ်လိုပြုမူရမှန်းတောင် မသိတော့ဘူး။

ဒါ သတ္တဝါတွေ မကောင်းမှုပြုနေတဲ့မြင်ကွင်းမလား?

မဟုတ်ဘူး ။ အဲ့စကားတွေကိုပြန်သိမ်းလိုက်မယ်။ လန့်ခ်ျ လည်း ဒါကိုကြိုက်လိမ့်မယ်။

"အားး ငါတောင်းပန်ပါတယ်..."

စိတ်ဆိုးနေတဲ့ယုန်က ထိုသူ၏ခေါင်းအား ရိုက်နေစဉ် ဝက်ဝံက သူမဘက်သို့ လှည့်လာခဲ့သည်။ ဝိုင်ပုလင်းကြီးက ကိုင်ထားတုန်းပဲ...

"အမ်...ကျွန်မ ဘာမှမမြင်လိုက်ဘူး..."

သူ့လက်ကြီးကို သူမကို ထွက်သွားဖို့ ပြောနေသည့် ဟန်ဖြစ်လာသောကြောင့် နိုးလ်က

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now