Chapter 13

1.4K 151 0
                                    

ထို့နောက် မမျှော်လင့်ဘဲ နိုးလ်က သူ့ကိုတွေ့သွားခဲ့လေသည်။ သူထင်နေတာက သူမသွေးအများကြီးမြင်ခဲ့ရင် ကြောက်လန့်တကြား အော်လိမ့်မယ်လို့ပေါ့... ဒါပေမယ့် အခုတော့ အဲ့လိုမဟုတ်ပဲ သူမက စိုးရိမ်စွာနဲ့ သူ့ကိုတောင် ဂရုစိုက်ပေးနေခဲ့လေသည်။

သူမ တစ်ခုခု မှားစားလာတာလား ?

သူမက စိတ်ရှုပ်စရာပဲ။ သူ့ကို စကားလုံးတွေနဲ့ ပစ်ပေါက်ပြီးတစ်ချိန်တည်းမှာပဲ စိုးရိမ်နေခဲ့တယ်။

သူမဘာတွေ ဖြစ်နေတာလဲ ????

နောက်ဆုံးတော့ ရူပါ့ခ်သည် ထိုအခြေအနေထဲမှ ရုန်းထွက်လိုက်သည်။ သူ၏ဒဏ်ရာက သဘာဝအတိုင်းပဲ ကျက်သွားမယ်ဆိုပေမယ့် သူမ စိတ်ကျေနပ်သည် အထိ ပြုမူစေခဲ့သည်။

နောက်ပြီး သူမ ချုပ်ပေးတဲ့ ချုပ်ရိုးကြောင်းက တကယ်သေသပ်တယ်။ တကယ့်ဆရာဝန်ထက်တောင် သူမက ပိုတော်နေသေးသည်။

ငါအရင်က သိခဲ့တဲ့ မိန်းမနဲ့ တူရော တူသေးရဲ့လား ???

“……”

နိုးလ်သည် သူ၏ဒဏ်ရာကိုပဲ အာရုံစိုက်နေစဉ်အချိန်က သူ တစ်ခုခု သတိပြုမိခဲ့တယ်။ ရေချိုးဆပ်ပြာလား ဒါမှမဟုတ် သူမသုံးတဲ့ အမွှေးနံ့သာကြောင့်လား ဆိုတာ သူမသိပေမယ့် သူမကိုယ်ပေါ်က လတ်ဆတ်တဲ့ ရနံ့လေး တစ်ခု သူရရှိခဲ့သည်။

တစ်ချိန်တည်းမှာပင် သူရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့သည်။ ဒါက သူအရင်တည်းက ခံစားဖူးတဲ့ အရာမှန်း သူသိနေသောကြောင့်ဖြစ်သည်။

ပြဿနာ တစ်ခုရှိတယ်!!!!

ဒီလိုအခြေအနေမှာ ဘာကြောင့် ငရဲ ကျနေသလို ဖြစ်နေတာလဲ ????

တကယ်တော့ အရင်တုန်းကလည်း ရူပါ့ခ်သည် မယုံကြည်နိုင်လောက်အောင် သူမအလှတွင် ကျရှုံးခဲ့ဖူးသည်။ သူတို့ လက်ထပ်ပွဲ ပြီးနောက် အကြိမ်အရေတွက် အနည်းငယ်ခန့် သူတို့ အတူတူ အိပ်ခဲ့ဖူးလေသည်။

ဘာကြောင့် ရုတ်တရက် ထိုအခြေအနေကို စဉ်းစားမိသွားမှန်း သူနားမလည်ခဲ့ဘူး။ သူရဲ့ ရူးသွပ်သွားပုံကိုတောင် သူကိုယ်တိုင် အံ့ဩသွားသည်။ သူမအပေါ်ကို သူ အာရုံစိုက်မိသွားလို့လား ?

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now