Chapter 65

562 43 2
                                    


သူက သိသိသာသာ ရှက်သွားခဲ့သည်။

"စစ်ရမယ်ဟုတ်လား? ဒါ ဘာကိုဆိုလိုတာလဲ?  ကျွန်တော်က ကျန်းမာပါတယ် ဟားဟား!"

“အဲဒါကြောင့် ရှင့်ကို စစ်ရမှာလေ...? အေနီရယ်မိသားစုကဆရာဝန်က ရှင်နှစ်ယောက်လုံးမှာ ဆစ်ဖလစ်ကာလသား‌ေရာဂါမရှိဘူးလို့ အတည်ပြုပြီးရင် ကာလာ ရဲ့ နားလည်မှုလွဲမှားမှုက ချက်ချင်းပြေလည်သွားလိမ့်မယ်။”

“အင်း……”

"ရှင့်မိန်းမအတွက် ဒီလောက်ထိလုပ်မပေးနိုင်ဘူးလို့ ရှင်ပြောမှာတော့ မဟုတ်ဘူး မလား"

"ကောင်းပြီး ကျွန်တော်စစ်မယ်!"

သူမခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။

  “ဒါဆို ဒီနေ့ ဆရာဝန် လိုက်ပို့ပေးမယ်။  အေနီရယ် မိသားစုက ဆရာဝန်တွေက အရမ်းအရည်အချင်းရှိလို့ အမှန်တရားကို အပြည့်အဝ ထုတ်ဖော်ပေးလိမ့်မယ်”

သူမ ပြောပြီးတာနဲ့ လှည့်ထွက်သွာစလိုက်တော့ ဟော့ဖန်က လှမ်းခေါ်ခဲ့သည်။

"ခဏစောင့်ပါဦး မားကွစ်ကတော်... -တကယ်တော့ ကွျန်တော့မိန်းမနဲ့ တိုင်ပင်စရာရှိသေးတယ်!”

"ဘာကိုလဲ?"

"ကျွန်တော်ပြောသလိုပဲ .... ကျွန်တော့မိန်းမက ဒီလိုလူမဟုတ်ဘူးလို့ တကယ်ယုံပေမယ့်  သူမမှာ တခြားတစ်ယောက်ရှိကောင်းရှိနိုင်တယ်"

ကောင်းတယ် ....သူက နောက်ဆုံးမှာ ပြောလိုက်ပြီး... ငါ တကယ်မနေနိုင်တော့ဘူး။

"ရှင်က တကယ်ပဲ ပုပ်ဆိုး စုတ်ပြတ် ယိုယွင်းနေတဲ့ ခွေး...သားပဲ!"

(T/Nပိုပိုသာသာလေး ဆဲပေးထားတယ်။ အရမ်းဆဲချင်နေလို့)

"ခွေး...သား!?"

"အဲဒါကလွဲလို့ ရှင့်ကိုဖော်ပြဖို့ တခြားစကားလုံးကို ငါစဉ်းစားလို့ မရဘူး။"

သူက မျက်နှာကြီးနီရဲပြီး ချဉ်းကပ်လာသည်။

"မင်းက မားကွစ်ကတော်ဖြစ်ရင်တောင် ဖြတ်မကူးသင့်တဲ့ မျဉ်းတစ်ကြောင်းရှိတယ်!"

"ရှင်က အဲ့မျဉ်းကို ဖြတ်ပြီးသား ကောင့်ဟော့ဖန်"

သူမ လှောင်ပြောင်ရယ်မောခဲ့သည်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now