Chapter 16

1.3K 156 0
                                    



“……”

ကံကောင်းစွာဖြင့် ပုံမှန်လို မဟုတ်ခဲ့ဘူး။ ရူပါ့ခ်၏အကြည့်က ဆိုးဝါးနေပြီး သူ၏အနီရောင်မျက်လုံးကလည်း ပုံမှန်ထပ်ပိုပြီး နီရဲနေခဲ့သည်။ ခဏကြာတိတ်ဆိတ်ပြီးနောက် သူ ပြောလာခဲ့သည်။

"ကောင်းပြီး မင်းအဲ့တာကို လိုချင်တာဆိုရင် လုပ်ကြည့်တာပေါ့..."

သူမသည် ပြုံးကာ
"ဒါ ကတိမလား ??"

သူ သူမကို ကြည့်လိုက်သည်။

"မင်း ပျော်နေပုံပေါ်တယ်.."

"သေချာတာပေါ့.."

ဘယ်သူမှတော့ အစပိုင်းမှာ ပြီးပြည့်စုံတဲ့ မိဘ ဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်ကလေးနဲ့ အတူတူ အချိန်ကုန်ဆုံးခြင်းဆိုတဲ့ အသေးငယ်ဆုံးအရာကနေစပြီးတော့ စတင်လို့ရတယ်။ ထို့နောက် အတူတူ ကြီးပြင်းသွားကြမယ်လေ...

ဒါမျိုးက အခုမဖြစ်နိုင်ဘူး ဆိုရင်တောင် အနာဂတ်မှ ာ သူ လန့်ခ်ျအတွက် အဖေကောင်း ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တယ်။ လန့်ခ်ျနဲ့ သူမ တို့ရဲ့ လုံခြုံရေးထက်ပို၍ ကျန်တာ ဘာမှ မလိုချင်ပါဘူး။

သူ့ကို ဝမ်းနည်းအောင်မလုပ်မိရင် အကောင်းဆုံးပဲ!!!! ရူပါ့ခ်က ကတိပေးတယ်ဆိုပေမယ့် လုံးဝ စိတ်သက်သာရာ ရနေတာတော့မဟုတ်ဘူး။ အန္တာရာယ် နည်းနည်းလေး ရှိခဲ့မယ်ဆိုရင် သူမ လန့်ခ်ျကို ခေါ်ပြီး ထွက်ပြေးလိမ့်မည်။ အခုတော့ သူ့ကျိန်စာကို သူ ထိန်းချုပ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။

နောက်ဆုံး အဆုံးသတ်မှာ သူ့ပြဿနာတွေ အားလုံးကို အေရမ် ဖြေရှင်းပေးလိမ့်မယ်။ နတ်သမီး ပုံပြင်တွေလိုပဲ အချစ်စစ်က ကျိန်စာကို ပြေပျောက်စေတယ်။

နောက်ပြီးရင် ကွာရှင်းဖို့ နည်းလမ်းတစ်ခုရအောင် လုပ်ရမယ်။ ထို့နောက် လူတိုင်း ပျော်ပျော်ရွှင်ရွှင်နှင့် အဆုံးသတ်သွားလိမ့်မည်။

“……”

ရူပါ့ခ်လည်း အကြောင်းအရာ တစ်ခုကို တွေးနေတုန်းပဲ။ ဒါပေမယ့် အဖြေတစ်ခု ရသွားတည်းက ဒီထက်ပို မစိုးရိမ်တော့ဖို့ ဆုံးဖြတ်ချက် ချလိုက်သည်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now