Chapter 21

1.4K 146 0
                                    

 
ထိုအခိုက်၌ ရူပါ့ခ်သည် ရှေ့လျှောက် သူ့အနာဂတ်တွင် ကျိန်စာမှ လွဲပြီး အခြား ဘာမှမရှိတော့မည့်အကြောင်းကို သတိပြုမိလိုက်သည်။ အရင်တုန်းက သူ့အမေ၏ ဆန္ဒက ရုတ်တရက်သူ့ခေါင်းထဲဝင်လာခဲ့သည်။

[ရှေ့လျှောက် အဆိုးဆုံးလူ အဖြစ်နဲ့ ရှင်သန်သွားပါ ရူပါ့ခ်]

ကျွန်တော် အမေ့ဆန္ဒအတိုင်း ဘယ်တော့မှ မဖြစ်စေရဘူးအမေ.....

[လိုချင်တပ်မက်စိတ်များသော သူဖြစ်ပြီး မင်းရဲ့ ဂုဏ်သတင်းကို မကောင်းမှုဖြင့် ကျော်ကြားပါစေ...]

ကျွန်တော်က လူတိုင်း၏စိတ်ထဲမှာ လေးစားခံနေရတဲ့သူ ဖြစ်နေပြီး။ လူတွေကိုလည်း တတ်နိုင်သလောက် ကယ်တင်မှာ။

[......မားကွစ် ရဲ့ ဂုဏ်သတင်းကို ကျဆင်းအောင်လုပ်ပြီး သူတို့ကို ဖျက်စီးပစ်ပါ...]

အမေ့ရဲ့ စကားလုံးတွေကို ကျွန်တော် ငြင်းပယ်ပါရစေ..

Kyaaaaaaaa—!

“တစ်ယောက်ယောက် ကူညီပါဦး။။ ကျေးဇူးပြုပြီး……!”

အလှမ်းဝေးသောနေရာမှ gargoyle ၏ ဟိန်းဟောက်သံများနှင့် လူများ၏ အော်ဟစ်အကူအညီတောင်းသံများကို ကြားနေရသည်။ ထိုအချိန်တွင် သူ့၏ လက်ထောက်များက ရောက်ရှိလာကြပေသည်။

"ဒဏ်ရာရနေတဲ့ လူတွေကို အရင်ခေါ်ထုတ်သွား!!!"

သူ့၏ခြေလှမ်းများက လေးလံနေခဲ့သည်။ သူမလေးရဲ့ အပြုံးအတွက်... နိုးလ်နဲ့ အချိန်ကုန်ဆုံးဖို့အတွက်.... ရူးနေတဲ့ ငါက အဲ့တာတွေ မြင်ရဖို့အတွက် အကျိုးမရှိတာတွေ လုပ်ခဲ့တယ်။

မေ့လိုက်တော့...

ရူပါ့ခ်သည် မီးစွဲနေသော အဆောက်အအုံများ၊ သွေးညှီနံ့နှင့် အော်ဟစ်သံများကို တစ်ဖန်အာရုံစိုက်လိုက်သည်။ ဒီနေရာက သူပိုင်ဆိုင်တဲ့ နေရာပင်ဖြစ်သည်....သူက အသုံးဝင်ဆုံးလူသားတစ်ယောက်ဆိုတာ သက်သေပြဖို့ တစ်ခုတည်းသော နေရာဖြစ်သည်။

အမြဲတမ်း ငါလုပ်ခဲ့သလိုပဲ ကျိုးကြောင်းဆက်စပ်မှုရှိတာကိုပဲ လုပ်ရလိမ့်မယ်။

***

သူမ လန့်ခ်ျကို ရှာဖို့  ကြိုးစားနေတာကြောင့် အသက်တောင် မရှုနိုင်လောက်အောင် မောပန်းနေခဲ့တယ်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now