Chapter 9

1.5K 162 2
                                    

"ပြောစရာ တစ်ခုခု ရှိနေလို့လား ?"

"မဒမ်နဲ့ ပတ်သက်ပြီး ပြောစရာလေး ရှိလို့ပါ....."

"ဘာတွေဖြစ်နေလို့လဲ ???"

အိုဒင်သည် ထူးခြား ယဉ်ကျေးနေသော အမူအရာဖြင့် အိုဒင်အား ကြည့်ခဲ့သည်။

"မကြာသေးမီကမှ ပြောင်းလဲသွားတဲ့ မဒမ်ရဲ့ အကျင့်အကြောင်းပါ...."

".............?"

"နောက်ပြီး သူမကိုပျက်စီးစေတဲ့ ကိစ္စကိုလည်း ဒီတစ်ကြိမ်မှာ သေချာ ကိုင်တွယ်သွားတယ်။"

ထို့နောက် ဘေးရှိ ဖိုင်များအားကြည့်ကာ

"နောက်ပြီး အဲ့ဒီအချိန်တုန်းက သူမေပြာတဲ့ သတင်းအချက်အလက် တွေက အမှန်ပဲ။ "

အိုဒင်သည်ဂရုတစိုက်ဖြင့်

"မဒမ်ရှင်းပြခဲ့တဲ့ ရင်းနှီးမြှပ်နှံတဲ့အရာအားလုံးက အမှန်ပဲ......ဒါပေမယ့် သူမဆွေမျိုးဆီက ကြားခဲ့တဲ့ အကြောင်းအရာ ဆိုတာကတော့ မသေချာဘူး။ "

"မှန်တယ် ...."

"နောက်ပြီး အရင်က ကျွန်တော်ပြောထားသလိုပဲ သူမက စာအုပ်တစ်အုပ်လေးတောင် ဖတ်လေ့ရှိတာမဟုတ်ဘူး..."

"အင်း ငါသိတယ်...."

"ဆရာ သိပြီးသားဆိုရင် ကျွန်တော်တွေးသလို တွေးမိမယ်လို့ ကျွန်တော် ယူဆပါတယ်။ မဒမ် ပြောင်းလဲသွားပြီးနောက် ရုတ်တရက် အဲ့လိုတွေ ဖြစ်သွားတာပဲ"

ယောင်္ကျားနှစ်ယောက်သည် တစ်မနက်တည်းနှင့်ပြောင်းလဲသွားသော နိုးလ် အကြောင်းအား ကျိုးကြောင်းဆက်စပ်စဉ်းစားနေကြလေသည်။

“……”

"ဘာကြောင့် ဒီလိုမျိုး ပြောင်းလဲသွားလဲ ဆိုတာ ခန့်မှန်းမိတာတစ်ခုခု ရှိလား ???"

"အင်း......"

အိုဒင်၏ စကားများကို စဉ်းစားပြီး ရူပါ့ခ်သည် သူ့၏ ထိုင်ခုံအား မှီချလိုက်သည်။ တစ်ချိန်တည်းမှာပင် နိုးလ် ၏ စကားများကို စဉ်းစားနေခဲ့လေသည်။

[ကျွန်မ ရှင့်အကြောင်းကို အခုကစပြီး နည်းနည်းစီ သိသွားချင်တယ်]

ထိုအကြောင်းတွေးမိပြီး မျက်မှောင်ကြုတ်မိလိုက်သည်။

ဒါ အလိမ်အညာ တစ်ခုပဲ!!!!

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now