Chapter 45

708 76 1
                                    

သူမ အဲ့ဒီအကြောင်းကိုပဲ စဉ်းစားနေမိတယ်။ သူမက လန့်ခ်ျအမေဆိုရင်တောင်မှ သူမ‌ေလး ခံစားချက်ကို လျစ်လျူမရှုနိုင်ဘူး။

နောက်ပြီး သူရဲ့ ကျိန်စာနဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်နေသေးတယ်... သူမတို့နဲ့ ရင်းနီးနေတာကြောင့် ရူပါ့ခ်မှာ ပြသနာကြီးကြီးမားမား ရှိလိမ့်မယ်လို့လည်း ပြောမရပြန်ဘူး။ ဒီအခြေအနေကြီးက သူမတွေးတာထက် ရှုပ်ထွေးလာပြီး....

ပထမဆုံး အစီအစဉ်က ကွာရှင်းပြီးရင် ဝတ္တု ဇာတ်ကြောင်းအတိုင်းလိုက်ဖို့ဖြစ်သည်။ ဒါ‌ေပမယ့် အခု အရာရာ ခြားနားသွားပြီ။

အရင်က နိမိတ်ပြ အိမ်မက်တွေနဲ့ ပတ်သက်ပြီးတော့လည်း အဖြေရှာရဦးမည်။

"နိုးလ်..."
"ဟမ်..."

"ဘာဖြစ်လို့လဲ?"

"မင်း အရမ်း မစိုးရိမ်ပါနဲ့။ မင်းနဲ့ လန့်ခ်ျကို ပြသနာဖြစ်အောင် ကိုယ် မလုပ်ပါဘူး။"

"ရှင် gargoyle အ‌ေကြာင်းကိုပြောနေတာလား? "

ပြန်စဉ်းစားကြည့်ရင် လန့်ခ်ျလုံခြုံမှုနဲ့ ပတ်သက်ပြီး သူလိမ်တာကို သူမ အရမ်းစိတ်ဆိုးမိတယ်။

"ကျွန်မ လိမ်တာကိုမုန်းပေမယ့် ဘယ်တက်နိုင်မလည်း ရှင့်ကိုလည်းအပြစ်တင်လို့မရနိုင်ပါဘူး "

ရူပါ့ခ်က ခင်ပွန်းကောင်း မဟုတ်ပေမယ့် တိုင်းသူပြည်သားအတွက်တော့ ခေါင်းဆောင်ကောင်းပဲ။ သူ့အနေနဲ့ဆိုရင် ဒီလောက် အသိစိတ်ရှိရင်ပဲ တော်လောက်ပြီလို့ ပြောလို့ရတယ်။

"ကျွန်မရှင့်ကို မနေ့က အကြံပေးခဲ့ပေမယ့် ချက်ချင်းကြီး အဖေကောင်း ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ အရင်ကထက်ပိုကောင်းလာရင်ရပါပြီ..."

"ဟုတ်လား အဲ့လောက်ဆိုရင် တော်ပါသေးတယ်"

"ဒါဆို ကျွန်မတို့ ပြန်လည်သင့်မြတ်သွားပြီမလား?"

သူမသည် သူ့ထံသို့ လက်ကမ်းပြီး မေးလိုက်သည်။ နှစ်ဖက်စလုံးက အရင်က အမှားတွေနဲ့ ။ အခုတော့ ရှေ့လျှောက်ကောင်းကောင်းနေသွားရအောင်....

"တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်လို့ရမယ့် ပါတနာ ဖြစ်နိုင်မလား "

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now