Chapter 30

1.3K 146 1
                                    

"ဆရာက တစ်ချိန်လုံး သူ့မိန်းမဆီပဲ စိတ်ရောက်နေတာ... မကြာခင်မင်းသိလိမ့်မယ်..."

အော်ဒင်သည် ထိုစကားကိုငြင်းဆန်ကာ အေးစက်သက်ဖြင့် ပြန်ပြောလိုက်သည်။

"မဟုတ်ဘူး အဲ့ခံစားချက်တွေက မြန်မြန်ပြန်ပျောက်သွားမှာ...."

"မဟုတ်ဘူး..အော်ဒင် မင်းက တော်ပေမယ့် ဒီလိုအရာမျိုးကျရင် ညံ့တယ်..."

ဘာ့ခ်သည် ယောင်္ကျား၊ မိန်းမ ဆက်ဆံရေးမှာ ကျွမ်းကျင်မှုမရှိသော အော်ဒင်ကို ကြည့်ခဲ့သည်။

"လူတစ်ယောက်က သူ့ခံစားချက်ကို ပိုပိုပြီး ဖိနှိပ်ထားလေလေ တုံ့ပြန်မှုက ပိုပြင်းထန်လေပဲ.... ဘယ်လောက်ပဲ သွေးအေး ဪက်စက်တဲ့သူ ဖြစ်နေပါစေ.. သူလည်း ထို့အတူပဲ...ဖြစ်နေတာ.."

ထို့နောက် တိုးတိုးရယ်ကာ

"သူ့နှလုံးသားကို ဖုံးကွယ်မထားနိုင်တဲ့နေ့မျိုး တကယ်ရောက်လာတာပဲ... အာ ..ငါ ရှေ့လျှောက် ဖြစ်လာမယ့် သူတို့သုံးယောက်လုံး ပျော်မယ့်နေ့တွေကိုကြည့်နေပါဦးမယ်... "

ထိုစကားကြားပြီး အော်ဒင်တစ်ဖန် ရှုပ်ထွေးလာခဲ့ပြန်သည်။

“……”

ဒီလို နတ်သမီးပုံပြင်လို အဆုံးသတ်ရှိရင်တော့ ကောင်းပါတယ်... ဒါပေမယ့် အနာဂတ်မှာ ပိုခက်ခဲတော့မယ်လို့ ငါထင်နေတယ်!!!!! ငါ ဆာ့ ရဲ့ကျိန်စာကို ဖျက်နိုင်ဖို့ မြန်မြန် လုပ်ရမည်ဟု အော်ဒင်တွေးနေခဲ့သည်။

ရူပါ့ခ်က ရူးသွပ်တဲ့ လူသတ်သမားလိုဖြစ်နေခြင်းက သူ့ကို အလွန်အမင်း ခေါင်းကိုက်စေသည်။ ဒါပေမယ့်လည်း သူ ရူပါ့ခ်ကို တကယ် ဂရုစိုက်လေသည်။

နောက်ပြီး ကျိန်စာကို ရပ်လို့ရမယ့်အရာ တစ်ခုခု မရှိနိုင်တော့ဘူးလား???

အော်ဒင်သည် အနာဂတ်ကိုပုံဖော်ရင်း သက်ပြင်းချနေခဲ့‌ေလသည်။

***

နိုးလ်သည် ဆေးစင်တာထဲသို့ ပြောင်ပြောင်တင်းတင်းပင်ဝင်လာခဲ့သည်။ အထဲတွင် သူမမျှော်လင့်ထားသည်ထက်ပိုပြီး သန့်ရှင်းနေလေသည်။

အထဲရှိဝန်ထမ်းများက သူမကို တွေ့သည့်အခါ ဟန်ဆောင်ပြုံး ပြုံးပြကြလေသည်။ သူတို့လည်း ထိုကိစ္စကို ကြားပြီးသား ဖြစ်ရမည်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now