Chapter 27

1.2K 140 0
                                    

 

နောက်နှစ်ရက်လောက်ကြာတော့ သူမ ကယ်တင်ခဲ့တဲ့ အမျိုးသမီးကို နိုးလ် မေ့လုနီးပါးေတာင်ဖြစ်သွားခဲ့သည်။

ဗီလာကို လာလည်တဲ့သူကြောင့် မဟုတ်ရင် ထိုသူ့အကြောင်းကို လုံးဝ သူမမေ့သွားလိမ့်မည်။

“တွေ့ရတာဝမ်းသာပါတယ် မဒမ် နိုးလ်”

နိုးလ်သည် သူမရှေ့ကလူကို မော့ကြည့်လိုက်သည်။

အာနက်....  အခုငါ သတိရလာပြီးး
နည်းနည်းနောက်ကျမှသတိပြုမိတာ စိတ်ပျက်ဖို့ကောင်းတယ်!!!!

သူက အတန်ငယ် အန္တရာယ်များတဲ့ အငွေ့အသက်ကို ပိုင်ဆိုင်ထားပြီး သူမခင်ပွန်းနဲ့ လုံးဝကွဲပြားတဲ့ သွင်ပြင်ရှိတဲ့ လူငယ်တစ်ယောက်ပါ။

သူရဲကောင်းစစ်သည်တစ်ယောက်ရဲ့ အဆင့်အတန်းနဲ့တူတဲ့ ဘုန်းကြီးတစ်ပါးလိုမျိုး....

"မဒမ်် ကျွန်တော့်အမေကို ကယ်ခဲ့တယ်လို့ ကြားခဲ့တယ်။  အမှန်တော့ သူမ ဒီကိုလာချင်ပေမယ့် အဲဒီအဖြစ်အပျက်အပြီးမှာ သူမ အဖျားတက်သွားခဲ့တယ်လေ…”

အဲဒီသူက အရမ်းယဉ်ကျေးတယ်။

"ကျွန်တော့်နာမည် လန်ဒါပါ.....အာနက် မြို့စားပါ။"

လန်ဒါ အာနက်.........

နိုးလ် က သူ့နာမည်ကို ကြားလိုက်တာနဲ့ သူ့အကြောင်း အချက်အလက်တွေကို သတိရလာခဲ့တယ်။

သူသည် လက်မထပ်ရသေးသော မြို့စားလေးဖြစ်ပြီး၊ သူသည် Yuren Kingdom ၏ ပျိုတိုင်းကြိုက်စံပြသတို့သားလည်းဖြစ်သည်။

တကယ်တော့ အဲဒီနေ့က မစ္စ ရေ့စ် ရဲ့ ဘေးမှာ မြင့်မြတ်တဲ့ မိန်းက‌‌ေလးတွေ အများကြီး ရှိနေခဲ့တာ သူ့ကြောင့်ပါပဲ...

အခုဒီ အခြေအနေနဲ့ ပတ်သက်ပြီး အကြမ်းဖျင်း နားလည်သွားခဲ့သည်။

သူတို့ဟာသူ၏ မိခင်အရင်းဖြစ်တဲ့ မစ္စ ရေ့စ် ရှေ့မှာ အမြင်ကောင်းလိုချင်ကြပြီး  လန်ဒါ ကို လက်ထပ်ချင်ကြတဲ့ မိန်းမပျိုလေးတွေပါ။

သူက နိုးလ် ၏အမည်ကို မသိသော်လည်း အလွန်ယဉ်ကျေးသည်။

"ဟုတ်သားပဲ၊ မဒမ် ခင်ပွန်းကိုလည်း နှုတ်ဆက်ချင်ပါတယ်"

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now