Chapter 10

1.5K 143 1
                                    


"ကျွန်မကို ရှာနေတယ်လို့ ကြားတယ်"

"ဟုတ်တယ်"

ဒါဆို ဘာလို့ ငါ့ကို ခေါ်တာလဲ ???

"............"

ရူပါ့ခ်နှင့် သူမသည် တစ်ဦးကို တစ်ဦး ခဏလောက် ကြောင်အစွာ ကြည့်နေခဲ့ကြသည်။ ခဏလောက်တိတ်ဆိတ်ပြီးတဲ့အခါ

"မင်း ဒီတစ်လော ဘာတွေလုပ်နေလဲ ?"

"ဘာကို ဆိုလိုတာလဲ ?"

"အပိုတွေ လုပ်မနေနဲ့။ မကြာသေးခင်ကမှ ငါ့ကို စောင့်ကြည့်နေတာမလား ? "

"..........."

သာမာန်ဆို သူ့ကို စူးစူးဝါးဝါး အော်ဟစ်ပလိုက်ချင်ပေမယ့် အခုအခြေအနေကို စဉ်းစားကြည့်လိုက်ရင် သူမ ရီတောင် မရီနိုင်ခဲ့ဘူး။ သူကို စောင့်ကြည့်နေတာ အမှန်ပဲလေ။

သူမ ဘာမှပြန်မပြောနိုင်တာကို ကြည့်ပြီး ရူပါ့ခ် ထပ်‌ေမးခဲ့သည်။

"မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ?"

"ရှင် ဘယ်လိုလုပ် သိတာလဲ ?"

သူမလည်း သူ သတိမထားမိအောင် စောင့်ကြည့်ခဲ့တာပါ။ ဒါ့အပြင် သူက သူမကို စိတ်မဝင်စားခဲ့ဘူး။ အဲ့တာကြောင့် သူမစောင့်ကြည့်နေမှန်း သူသိနေတယ်လို့ မထင်မိခဲ့ဘူး။

"မင်းက ဖုံးကွယ်ဖို့တောင် မကြိုးစားတော့ဘူးကိုးးး"

မရည်ရွယ်ပဲနဲ့တောင် ငါစောင့်ကြည့်နေတာကို သိတာလား ? ဒီလူက သာမာန်မဟုတ်ဘူးပဲ။

သူမလည်း ဆက်ပြီး အရှက်မဲ့ဖို့ဆုံးဖြတ်လိုက်တော့သည်။

"ကျွန်မမှာ အကြောင်းပြချက် အထူးတလှယ် မရှိပါဘူး"

"အကြောင်းပြချက်မရှိဘူး ????"

ဒါအကောင်းဆုံး နည်းလမ်းပဲ။

"အဲ့တာက ရှင် လန့်ခ်ျနဲ့အတူ ရှိနေတာကို မြင်ချင်လို့ "

ရူပါ့ခ်သည် ထိုအကြောင်းပြချက်အား မယုံကြည့နိုင်စွာ ထပ်ပြောခဲ့သည်။

"မင်းဘာတွေပြောနေတာလည်း ငါနားမလည်နိုင်တော့ဘူး "

သူမလည်း လွန်ခဲ့တဲ့ သုံးရက်က စုဆောင်းလာခဲ့တဲ့ အ‌ကြောင်းများကို တရစပ် ထုတ်ပြောလေတော့သည်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now