Chapter 6

1.6K 177 2
                                    

 

ဟမ့် ဟမ့် ဒီတစ်ခုပဲ ။ ဆက်ပြော......

"ငါ တောင်းပန်ပါတယ်။ အားလုံး ကိုယ့်အမှားတွေပါ။"

ထိုအချိန်တွင် သူ့မျက်နှာပေါ်၌ အရှက်ကွဲမှု အရိပ်အရောင်လေး ဖျက်ပြေးသွားလေသည်။ ဒါကို မြင်လိုက်ရလို့ သူမ အရမ်း စိတ်ကျေနပ်ခဲ့လေသည်။

"ကောင်းတယ်"

"ဟုတ်တယ် ပြီးသွားပြီး။ "

သူမ အရေးမစိုက်သလို ပခုံးတွန့်ပြခဲ့သည်။

"ငါမှား တာတွေလည်း အများကြီးရှိပါတယ် "

ရူပါ့ခ် သည် သူ၏မျက်နှာအား အောက်ငုံ့လိုက်လေသည်။

"ရုတ်တရက်ကြီး ဘာ‌ေတွ လုပ်နေတာလဲ ?"

"ကောင်းပြီလေ။ အနာဂတ်မှာ တစ်ယောက်နဲ့ တစ်ယောက် လှပ ပျော်ရွှင်တဲ့ ဘဝမျိုးရရှိအောင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး နေရအောင်"

ရူပါ့ခ်သည် သူမ၏ စကားလုံးများအား မကြားနိုင်ပဲ သူ့အတွေးထဲမှာပဲ နစ်မြောနေခဲ့သည်။

"နောက်ဆုံးတော့ ဒီအရာ‌ေတွ မဟုတ်ပဲ ပိုက်ဆံ‌ေတာင်းဖို့မဟုတ်ရင် မင်းရဲ့အဓိကရည်ရွယ်ချက်က ဘာလဲ။"

ဟမ် ဒီလူ သံသယဝင်နေတုန်းပဲဟ!!!!

"ကျွန်မမှာ အခြားရည်ရွယ် ချက်တွေ မရှိပါဘူး"

သူမ တက်နိုင်သလောက် ပြံုးပြခဲ့ပေမယ့် ရူပါ့ခ်က မထီမျက်မြင် ပြုတုန်းပင်။

"မင်းမှာ အခြား ရည်ရွယ်ချက် မရှိဘူး ဟုတ်လား?? ပထမဆုံး ညတည်းက ငါ့မျက်နှာကို မင်း အထင်သေးသလို ကြည့်တယ်။  အချိန်တိုင်းတရားဝင်ကလေးမဟုတ်တဲ့  ငါ့ရဲ့ နောက်ခံကို မနှစ်မြို့ဖြစ်နေတာလေ။ မင်းပြောကြည့်။ မင်းမှာအခြားရည်ရွယ်ချက် မရှိဘူးပေါ့???? "

ထိုစကားလုံးတွေ အပြီးမှာ သူမ ခေါင်းငုံ့ခဲ့လိုက်သည်။

“……”

ငါ လုပ်ခဲ့တာတွေကို ငါကောင်းကောင်းသိပါတယ်။

စဉ်းစားကြည့်မယ်ဆိုရင်  ရူပါ့ခ်ရဲ့ ရန်လိုစိတ်ကို လွယ်လွယ်ကူကူ ဖြေရှင်းလို့ မရတာ သဘာဝပဲ။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now