Chapter 51

514 58 2
                                    


"ရှင့်ရဲ့သူငယ်ချင်းနာမည်ပြောပြရင် တရားသေလွှတ်ပြီ"

“……”

ရှုနာသည် သူမ၏လက်များကို ဆုပ်ထားကာ တုန်ရီနေခဲ့သည်။

ငါအလျင်စလိုမလုပ်ပါဘူး..... စောင့်နေတယ်....ရှုနာ

သူမသည် ပြင်းပြင်းထန်ထန် ဒေါသတကြီးနဲ့ နိုးလ်အား တည့်တည့်ကြည့်ကာ

"ဒီကမ်းလှမ်းချက်ကို ကျွန်မ ငြင်းပါတယ်။"

"ဘာကြောင့်လဲ?"

"ကျွန်မ ဘာမှမလုပ်ခဲ့ဘူး။"

"တကယ်လား?ရှင် အဲ့လိုထင်တာလား။"

“ဟုတ်တယ်။ ကျွန်မက တရားခံအဖြစ်နဲ့ စွပ်စွဲခံရပြီးသား။  နောက်ပြီး-"

နိုးလ်သည် သူမ၏ မျက်လုံးများ၊ အသံနေအသံထားနှင့် အမူအယာတို့ကို စောင့်ကြည့်ရန်ပြီး အသေးငယ်ဆုံးအသေးစိတ်အချက်ကို မပျက်မကွက်အာရုံစိုက်ခဲ့သည်။

"ချစ်ရတဲ့သူငယ်ချင်းတွေကို အသက်ရှင်ဖို့ မရောင်းနိုင်ဘူး"

"နောက်ဆုံးမေးခွန်းကို ရှင်တကယ်ငြင်းမှာလား။"

“ဟုတ်ကဲ့။”

သူမ သေနိုင်တဲ့အခြေအနေမှာတောင် သူမသူငယ်ချင်းတွေကို မစွန့်လွှတ်ခဲ့ပါဘူး။

'သူမသာ တရားခံအစစ်ဖြစ်ပြီး ရည်ရွယ်ချက်တစ်ခုခုရှိခဲ့ရင် အခု သဘောတူညီချက်ကို လက်ခံလိမ့်မယ်'

"ကောင်းပြီ ရှုနာ"  ပြုံးလိုက်မိတယ်။  "ရှင့်ကို လည်း တရားခံလို့ မထင်ပါဘူး"

"Sorry?"

"ကျွန်မ တောင်းပန်ပါတယ်။ ရှင့်ကို နည်းနည်းလေး ခန့်မှန်းချင်လို့"

ရှုနာသည် သူမ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာနှင့်

"ရှင်ဘာကိုဆိုလိုတာလဲ… … ?"

"အမှန်အတိုင်းပြောရရင် ရှင်ကတရားခံအစစ်လားဆိုတာကို စမ်းသပ်ခဲ့တယ်"

သူမ ကုလားထိုင်ကနေ ထလိုက်သည်။

"ဒီအတွက်တောင်းပန်တဲ့အနေနဲ့ ကျွန်မ တရားခံအစစ်ကို ရှာတွေ့ဖို့ ကြိုးစားပါ့မယ်"

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now