Chapter 49

558 59 3
                                    


"ပြစ်မှုကျူးလွန်သူတွေကို ဒီနယ်မြေမှာ ဘယ်လိုပဲဖြစ်ဖြစ် ဖမ်းနိုင်လိမ့်မယ်။ မင်း မေးစရာရှိရင် အဲ့အချိန်ကျမှ မေးလို့ရတယ်။ "

သူမ ခန့်မှန်းနေတာက ပြစ်မှုကျူးလွန်သူတွေက ဘာလို့ အေရီရယ် နယ်မြေကိုလာမှာလဲ...

မျိုးရိုးမြင့်တွေထဲက သုံးယောက်သေသွားတယ်။ သေချာတာပေါ့... သေဆုံးခြင်းကို အတည်ပြုပြီးလေပြီ။

ရူ့ပါခ် သေဒဏ်စီရင်ခြင်းကို သေချာပေါက်လုပ်လိမ့်မည်။ မူမမှန်တဲ့ အကြောင်းပြချက်အောက်မှာ သူရဲ့လက်ပါးစေတွေက ထိခိုက်သွားခဲ့သည်။ 

သူကလည်း တစ်စုံတစ်ယောက်ကို သတ်ဖို့လိုအပ်လေသည်။ ဒါကြောင့် စုံစမ်းစစ်ဆေးခြင်းနဲ့ ဆက်နွယ်တဲ့ အကြောင်းပြချက်နဲ့ပဲ သူ ကွပ်မျက်မည်ဖြစ်သည်။

"အေရီရယ် နယ်မြေမှာ ထိန်းချုပ်ထားတဲ့ အကြောင်းပြချက်က သေမိန့် ချပြီးသားမို့လို့ပေ့ါ"

"သုံးယောက် သေသွားပြီးသားမို့လေ..."

"ကွပ်မျက်ခြင်းအတွက် ရှင့်မှာ တာဝန်ရှိလား?"

"နိုးလ်"

စကားအနည်းငယ်နဲ့ နိုးလ်သည် ဒီအကြောင်းနဲ့ပတ်သက် ပြီး သူအရမ်း sensitive ဖြစ်ကြောင်း ပြောနိုင်ခဲ့လေသည်။

"ကျွန်မတို့တွေ ဒီသံသယဖြစ်ဖွယ် အရာတွေကို သေချာအောင်ပြုလုပ်သင့်တယ် "

မကောင်းဆိုးဝါးတစ်ယောက်လို လူတွေကို ကြံုရာကျပန်း လိုက်သတ်မိမှာကို သူအရမ်းကြောက်တယ်ဆိုတဲ့ ရူပါ့ခ်၏အားနည်းချက်အား သူမ သိနှင့်ပြီးသားဖြစ်သည်။

ပြစ်မှုကျူးလွန်သူတွေကို သတ်ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှာဖြစ်သည်။

သူ လူတစ်ယောက်ဖြစ်တယ်ဆိုတာကို သူမ ယုံကြည်ချင်နေတုန်းပဲ။

"ရှင်သာ တစ်ခုခုမှားယွင်းသွားခဲ့ရင် အပြစ်မဲ့တဲ့သူတွေကို သတ်ခြင်းနဲ့ အဆုံးသတ်သွားမှာနော်... အဲ့တာဆိုရင်ကော အဆင်ပြေမှာလား? "

“……”

ရူပါ့ခ်ကို သနားပေမယ့် သူကိုဆွဲဆောင်နိုင်ဖို့ ကြိုးစားခဲ့သည်။ ဒီအပိုင်းကို သာ သူမ နက်နက်နဲနဲဖော်ထုတ်နိုင်ရင် သူငြင်းဆိုဖို့ ခက်ခဲသွားလိမ့်မယ်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now