Chapter 44

688 75 1
                                    

"ဘယ်အပိုင်းက ခက်ခဲတာလဲ?"

"အေရီရယ် စံအိမ်မှာ ပျော်ရွှင်စရာတွေနဲ့ ပြည့်အောင် လုပ်မယ်ဆိုတဲ့ ဟာလေ"

"အဲ့တာ သိပ်မခက်ပါဘူး။ ရှင် လန့်ခ်ျကို တစ်ယောက်တည်း မထားခဲ့သရွေ့....မခက်ဘူး"

"နိုးလ် မင်း ကိုယ့်အကြောင်းကို အံ့ဩစရာကောင်းလောက်အောင် သိနေတာပဲ... ဒါဆို ကိုယ့်အတွက် ဘာအခက်အခဲတွေ ရှိမလည်း ဆိုတာကိုလည်း သိလိမ့်မယ်။ "

"Aha....."

ဟုတ်ပါတယ်။ သူမသာလျှင် သူ့အခက်အခဲကို သိပေလိမ့်မည်။

"ကျွန်မ နားလည်ပြီး ရူပါ့ခ်.... သိသိသာသာပဲ ရှင်က ကိုယ့်ကိုယ်ကို အရမ်းတန်ဖိုးထားတယ်..... စိတ်ကြီးဝင်နေပြီး မာနကြီးတယ်.....စိတ်ဆိုးလွယ်တယ်....ဘယ်သူမှ  မချဉ်းကပ်နိုင်အောင် စိတ်ကိုလည်း နံရံ အထပ်ထပ် ခြားထားတယ်... ဒါ့အပြင် ရှင်က သမီးကို ရုပ်ဝတ္တုတွေနဲ့ နေရာမှာ ရှင်သန်ခိုင်းချင်သေးတယ်။  "

သူမရဲ့ ဆိုးဝါးတဲ့ စကားရှည်ကြီး ကြောင့် ရူပါ့ခ် အသိတရားဝင်သွားပုံပေါ်တယ်။

"မှန်ပါတယ်....အရင် စံအိမ်မှာ ကိုယ် သူမလေးကို ပျော်အောင်ထားလို့မရဘူးလား....အမှန်ပြောရရင် သူမကို ဘယ်လိုပျော်အောင် လုပ်ရမလည်း ဆိုတာ ကိုယ်မသိဘူး.."

"ရှင့်မှာ ချို့ယွင်းချက်က ရှိသေးတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး  ဖျက်လိုဖျက်စီးစိတ်ကလည်းရှိသေးတယ်။"

"တိုက်ခိုက်တဲ့ စကားလုံးတွေ ရပ်လိုက်ပါတော့...."

နောက်ဆုံးတော့ သူ့ကို နားလည်ဖို့ သူမဆုံးဖြတ်လိုက်သည်။ သူကလည်း မကောင်းတဲ့ ပတ်ဝန်းကျင်က မွေးဖွားလာရတာကိုး။ နောက်ပြီး အခု ရူပါ့ခ်က သူ့ကိုယ်သူ ယုံကြည်မှုလည်းမရှိဘူး။

သူ့ကကြိုးစားနေတာဆိုတော့ သူ့ကို သက်တောင့်သက်သာဖြစ်အောင် ဖြစ်ပေးသင့်လား?

"ကိုယ် အဲ့တာကို မဖြစ်နိုင်ဘူးလို့ ထင်နေတုန်းပဲ"

"ဘာကိုလဲ"

"ရှင် သမီးကို ပျော်အောင် လုပ်ပေးနိုင်မှာပါ"

"ကိုယ် မသေချာဘူး"

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now