Chapter 25

1.3K 153 0
                                    


သူမတို့သည် ရထားလုံးဖြင့် ခရီးအား တအိအိ ရွေ့လျားသွားနေကြလေသည်။ လန့်ခ်ျသည် သူမနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်ကာ ခြေထောက်အား လွှဲယမ်းနေရင်း ပြတင်းပေါက်ကိုကြည့်ကာ မေးခွန်းများမေးနေခဲ့သည်။

"မား သမီးတို့ ဘယ်သွားကြမှာလဲ ?"

လန့်ခ်ျနှင့် သူမသည် Yuren kingdom ရှိ ဗီလာသို့ သွားရာလမ်းတွင်ဖြစ်သည်။ သူမ အခြားပြည်နယ်က ဗီလာကို ရွေးချယ်ရသည့် အကြောင်းရင်းက မူလဗီလာနဲ့ အဝေးဆုံးမှာ ရှိနေသောကြောင့်ပင် ဖြစ်သည်။

"မားတို့ ကစားဖို့ သွားနေကြတာလေ။"

"ကစားဖို့???"

"ဟုတ်တယ် မား အခုကစပြီး နေ့တိုင်း သမီးနဲ့ ကစားပေးမယ်။ "

လန်ခ်ျ့သည် မျက်လုံးအား လိမ့်ကာ မယုံကြည်သလိုဖြင့်

".......ဒါပေမယ့် မားက အလုပ်ရှုပ်နေတယ်လေ...."

"မား ဒီထက်ပို အလုပ်မရှုပ်တော့ပါဘူး။ သမီး လုပ်ချင်တာ တစ်ခုခုရှိရင် မားကို လွတ်လွတ်လပ်လပ်ပြောလို့ရတယ်နော်"

လန့်ခ်ျသည် ထိုအရာများက အိမ်မက်မက်နေသလို ခံစားလိုက်ရသည်။

ထို့နောက်လေသံတိုးတိုးဖြင့်

"တကယ်လား ?"

"အင်း"

လန့်ခ်ျအား ကတိပေးပြီးမကြာမီ သူမလေးပါးက နီရဲတက်လာလေသည်။ ထို့နောက် သကြားလုံးလို ချိုမြိန်နေသော အပြုံးလေးပါ ပျံ့နှံ့နေခဲ့သည်။

"သမီး အရမ်း ပျော်တာပဲ"

သူမလေး၏ ထိုအမူအရာကြောင့် သူမရယ်လိုက်ကာ

"ဘယ်လောက်တောင် ပျော်တာလဲ ??"

"အမ်......."

"ဒါက သမီး ဘဝမှာပျော်စရာ အကောင်းဆုံးအရာပဲ"

နိုးလ်သည်လည်း သူမလေး၏ တုံ့ပြန်မှုကြောင့် ပျော်နေလေသည်။

“Ah ha ha ha.”

သူမလေးသည် နိုးလ်နှင့် အချိန်ဖြုန်းခြင်းကို နှစ်သက်သော ကလေးဖြစ်သည်။

လန့်ခ်ျပျော်နေလို့  ဝမ်းသာမိတယ်!!!

လန့်ခ်ျသာ မရှိရင် အရာအားလုံးကို ခံနိုင်ရည်ရှိဖို့က သူမအတွက် တကယ်ကို ခက်ခဲမှာပင်ဖြစ်သည်။ 
လန့်ခ်ျက သူမအတွက် အရမ်းတန်ဖိုးကြီးခဲ့လေသည်။  သူမ‌ေလးလည်း ပျော်ရွှင်ဖို့ သူမမျှော်လင့်‌ေနခဲ့သည်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now