Chapter 42

832 95 5
                                    


ထို့နောက် ထိုယုန်သည် ဘယ်သူမှန်း သူမ သိသွားခဲ့သည်။ မဖြစ်နိုင်ဘူး......

"ရူပါ့ခ်လား...."

"မှန်တယ်...."

"Ha...."

သူမ ပါးစပ်မှ ထွက်လာတဲ့ ကြမ်းတမ်းသောစကားကြောင့် သူမ ဘာသာတောင် ထိတ်လန့်သွားသည်။

"ရှင် ရူးနေလား? ယောင်္ကျားတစ်ယောက်က ဘယ်လိုတောင် ဒီလိုမျိုး လုပ်နိုင်ရတာလဲ? ဒီမှာ ကျွန်မ ကြောက်ပြီး သေတော့မလို့...."

"မင်း ကြောက်နေတာလား?" သူ တွေဝေသွားသည်။

"ဒါပေမယ့် ကိုယ်ဝတ်ထားတာက ယုန်ဝတ်စုံလေ။ ယုန်ရဲ့သဘာဝက သူများကို အန္တရာယ်ပေးနိုင်တာမှ မဟုတ်တာ..."

"ရှင်က ယုန်ဝတ်စုံ ဝတ်ထားတာမို့ ကြောက်စရာမကောင်းဘူးလို့ ဘယ်လိုတောင် တွေးလိုက်တာလဲ?"

ချစ်စရာကောင်းတဲ့ ယုန်ဝတ်စုံရဲ့အောက်မှာ ဘာလို့ ကြမ်းတမ်းခက်ထန်တဲ့ အငွေ့အသက်တွေ ရနေလည်းဆိုတာကို သူမ နားလည်သွားပါပြီး။ ဘာလို့လည်းဆိုတော့ အဲ့ဝတ်စုံအောက်မှာ ရူပါ့ခ်ကြီး ရှိနေတာကိုး။

"ရှင် ဘာလို့ ဒီလို ‌ဝတ်ထားတာလည်း...."

"မင်းကို ကြောက်သွားစေဖို့ ကိုယ်မရည်ရွယ်ပါဘူး...."

"အဲ့အရုပ် ဝတ်စုံကြီး အခုချွတ်လိုက်တော့...."

".......အင်း ချွတ်လိုက်ပါ့မယ်..."

ရူပါ့ခ်သည် နာနာခံခံနှင့် မျက်နှာဖုံးနဲ့ ဝတ်စုံကိုချွတ်လိုက်‌သည်။ အခုတော့ အဖြူရောင်ရှပ်အကျီနှင့် အနက်ရောင် ဘောင်းဘီနဲ့သာ ဖြစ်သွားလေသည်။

"ဘာလို့ ရှင် ဒီလိုဝတ်ထားတာလဲ? တစ်ယောက်ယောက်က ခြိမ်းခြောက်ခဲ့လို့လား? ဒါပေမယ့် အဲ့ကိစ္စကလည်း မဖြစ်နိုင်ပါဘူး။"

"ဒါပေါ့..."

"ရှင် ဘာဆေးတွေ မှားစားလာတာလဲ? ရှင်ပုံစံက သေသွားမယ်ဆိုရင်တောင် ဒီလိုဝတ်စုံဝတ်မှာ မဟုတ်ဘူးလေ"

"မင်းပြောတာ မှန်ပေမယ့်လည်း အဲ့လောက်ကြီးတော့ မဟုတ်ပါဘူး။ အဲ့တာကြောင့် မင်းရှေ့မှာ ကိုယ်တစ်ချိန်လုံးရပ်နေတာကို ကိုယ် လို့ မတွေးမိတာပေါ့...."

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now