Chapter 48

595 63 4
                                    


"သူက ရိုင်းစိုင်းတဲ့ ကလေးဆိုးပါပဲ"

ဟေးလိစ်က အံသြသောအမူအရာဖြင့် ခေါင်းညိတ်လိုက်ကာ

"မှန်ပါတယ် မဒမ်... သူက ကလေးပဲရှိသေးတာ။  မဒမ် သိပ်စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်။"

"ရှင် လောရန့်ကို အရမ်းဂရုစိုက်တာပဲ"

"သူက အငယ်ဆုံးဆိုတော့ ကျွန်တော်တင်မကဘူး၊ လူတိုင်းက သူ့ကို ဂရုစိုက်ကြပါတယ်။"

သူက စီနီယာကောင်းတစ်ယောက်ဖြစ်သည်။  လေ့ကျင့်ကွင်းမှာ ရပ်နေရင်းနဲ့ တခြား စစ်သည်တော်တွေရဲ့ အကြည့်တွေကို သူမခံစားလိုက်ရသည်။

ဘယ်သူကမှ ပွင့်ပွင့်လင်းလင်းထုတ်မပြောပေမယ့် သတိကြီးစွာနဲ့ကြည့်နေကြတဲ့ အကြည့်တွေကများလေသည်။

ဟေးလိစ်က အကြောင်းပြချက်မရှိဘဲ သူမဆီလာမှာမဟုတ်ဘူး။ အခြေအနေ အရပ်ရပ်ကို စိုးရိမ်သောကြောင့် သူလာတာဖြစ်ရမည်။

ဟမ်၊ ငါ ဒါကို ပြု ပြင်ရမယ်။

ဟေးလိစ်က လှည့်ပတ်ကြည့်ရင်း

"မဒမ်ဒီမှာနေနေတာထက်စာရင် အထဲဝင်သွားရင် ပိုကောင်းမယ်"

" ကျွန်မဒီမှာ ရှင့်လုပ်ဖော်ကိုင်ဖက်တွေကို အနိုင်ကျင့်ဖို့ မဟုတ်ဘူး။  သူငယ်ချင်းဖွဲ့ချင်လို့ပါ"

ကောင်းပြီလေ.. လောလောဆယ်တော့ မဖြစ်နိုင်ဘူး...

“အင်း……”

သူသည် ခက်ခဲလိမ့်မယ်လို့ ဖြေမယ့်အစား သက်ပြင်းတစ်ချက်ချလိုက်သည်

"တကယ်ပြောတာ..."

သူမသည် ဟေးလိစ်ကိုအနှောက်အယှက်ပေးမယ့်အစား ထောင့်တစ်နေရာကို ပြေးသွားခဲ့သည်။

လေ့ကျင့်ကွင်းမှာ အခုပြင်ဆင်နေတဲ့ လေ့ကျင့်မှုက ပုံမှန်နဲ့ မတူဘူး။ သူရဲကောင်းများသာမက မှော်ဆရာများစွာလည်း ရှိသည်။  အရေအတွက်က လူအင်အား ရှားပါးတာကြောင့် စစ်သည်တွေထက် အများကြီးနည်းပေသည်။

ဒါက ပူးတွဲလေ့ကျင့်ရေးနဲ့တူလေသည်။

သူတို့...အနားယူပြီးနောက် လေ့ကျင့်မှုပြန်စကြသည်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now