Chapter 36

1.3K 133 0
                                    

နိုးလ် စားပွဲခုံကိုကြည့်ပြီး တွေဝေသွားခဲ့သည်။

......ဘာလို့ ကျိုးသွားတာလဲ? သစ်သားက ဆွေးနေလို့လား?  သူမကြည့်ပြီးနောက် ရူပါ့ခ်က သူမလက်ထဲမှ စာရွက်ကို ဆတ်ခနဲ ဆွဲယူသွားခဲ့သည်။

"အို....."

သူမလက်ကို အသာအယာ ဆန့်ထုတ်လိုက်သော်လည်း သူနှင့် အရပ်အမောင်း ကွာခြားမှုကြောင့် စာရွက်ကို ပြန်ယူလို့ မရခဲ့ပေ။

"ရှင် ဘာလုပ်နေတာလဲ!"

"ဒါက ငါပြောရမယ့် စကားပါ....."

သူက စာရွက်တွေကို မကျေမနပ်နဲ့ ကြည့်လိုက်သည်။

"ဒါက ကွာရှင်းစာချုပ်ပဲ"

"……ဟုတ်တယ်?"

“မင်းက လက်မှတ်တောင် ထိုးပြီးပြီ....”

“ကျွန်မကတစ်ယောက်နဲ့တစ်ယောက် ဒုက္ခရောက်အောင် မလုပ်မိအောင်တော့ ကြိုစီစဉ်ထားတာ။”

"မင်းပြောတာက ငါဘာတွေတွေးနေတာလဲဆိုတာကို မင်းသိတယ်ဆို"

သူမ ပခုံးတွန့်ပြလိုက်သည်။

"ဒါပေါ့။  ရှင် ကျွန်မကို အရင်ပြောရတာ အဆင်မပြေပုံပေါ်လို့ ကျွန်မက ဂရုတစိုက်နဲ့ စီစဉ်ခဲ့တာ..._"

“……”

သူမသည် ပြင်ဆင်ထားတဲ့ ကွာရှင်းစာရွက်တွေကို သူ့ကိုပြဖြစ်ခဲ့သည်။ အဲ့တာကို သူ မသက်မသာဖြစ်သလို မခံစားရသင့်ပါဘူး။ သူလိုချင်သလို လုပ်ထားပေးတဲ့ဟာကို....

ဒါပေမယ့် သူ့မျက်နှာက ကြောက်စရာကောင်းလာခဲ့သည်။

"ဘာလို့ ကြိုပြီးစီစဉ်ထားတာလဲ? "

နောက်တော့ သူမသည် တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရတော့ ဖြည်းဖြည်းချင်း ပြန်ဆုတ်သွားခဲ့သည်။

"......ရှင်ဒီကိစ္စအတွက်​ ဒီကိုလာတာမဟုတ်​ဘူးလား?"

"လုံးဝမဟုတ်ဘူး။"

"ဒါဆို ရှင်ဘာလို့လာတာလဲ?။  ဒီကိစ္စကလွဲလို့ တခြားလာစရာ အကြောင်းမရှိဘူး ဟုတ်တယ်မလား?"

တစ်ချိန်တည်းမှာပင် သူ့လက်ထဲရှိ ကွာရှင်းစာရွက်က တစ်စစီ ဖြစ်သွားခဲ့သည်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now