Chapter 20

1.4K 143 0
                                    



"ဘာဖြစ်လို့လဲ ?"

သူ အခု ငါ့ကို ကာကွယ်ပေးနေတာလား ??
အဲ့လိုဆိုရင်တော့ သူက အတော်လေး အ‌ထင်ကြီးစရာကောင်းတယ်။

နိုးလ်သည် ရူပါ့ခ် ပခုံးပေါ်မှ ကျော်ပြီးချောင်းကြည့်လိုက်သည်။ သက်လတ်ပိုင်း စုံတွဲနှင့် ‌ဆယ်ကျော်သက် အမျိုးသမီးတစ်ယောက်ကို သူမမြင်လိုက်သည်။

"ကျေး.ကျေးဇူးပြုပြီး ရိုင်းပြမှုအတွက် ခွင့်လွှတ်ပေးပါ....."

ထိုစုံတွဲသည် ဦးညွတ်ကာ တောင်းပန်လေသည်။

"အစောနက အရှင့်ကို မြင်လိုက်တာမို့လို့ ...သမီးလေးကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်စကား ပြောချင်လို့ အလောတကြီး လုပ်မိသွားပါတယ်။ "

ကျေးဇူးတင်တာလား !!

သူမကတော့ ရှုပ်ထွေးသွားပေမယ့် ရူပါ့ခ်သည် သူတို့ ဘာပြောနေကြောင်း သိပုံပေါ်သည်။

"အစောနက အိမ်ပြန်ရောက်ခဲ့တဲ့ တရားခံ မိသားစုလား??"

"ဟုတ်-ဟုတ်ပါတယ်။ ပြန်ပေးဆွဲသူတွေရဲ့လက်ထဲက သမီးလေးကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်..."

ထိုအခါမှပဲ နိုးလ်သည် အခြေနေအရပ်ရပ်အား နားလည်သွားခဲ့သည်။ ဒီကိစ္စက ရူပါ့ခ် သူ့စစ်သည်တော်များနှင့် ဖြေရှင်းနေသည့် ကိစ္စဖြစ်သည်။ သူမ သေချာ နားမလည်ပေမယ့် သေချာတာတစ်ခုက ပြန်ပေးဆွဲခံရသူတွေက လုံခြုံသွားခဲ့တာပင်...

"ကျွန်တော်က အရှင်သခင်အဖြစ်  လုပ်သင့်တဲ့ အရာကို လုပ်ခဲ့ရုံပါ.."

သူ၏ တုံ့ပြန်ချက်က ခပ်ချေချေနိုင်ခဲ့လေသည်။ အရှင်သခင်က ကြင်နာရမည်ဆိုတဲ့ ပုံရိပ်ဖြစ်ဖို့ ဟန်ဆောင်မည့့်ပုံတောင် မပေါ်‌ေချ။

ထိုအခိုက် လန့်ခ်ျသည် သူမအား တိုးတိုးလေး မေးခဲ့သည်။
"မား သူတို့က ဘယ်သူတွေလည်း ?"

နိုးလ်လည်း သူမလေးနားကပ်ကာ လေသံတိုးတိုးဖြင့်

"ဖေဖေက အလုပ်ကောင်းတစ်ခုလုပ်ခဲ့လို့ သူတို့က ကျေးဇူးလာတင်တာလေ..."

"ဝိုး....?"

လန့်ခ်ျ၏ တုံ့ပြန်ပုံကို ကြည့်ပြီး သူမ ပြုံးမိသွားခဲ့သည်။ သူမလေး၏ ကြောက်ရွံနေစိတ်လည်း ပျောက်သွားခဲ့သည်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now