Chapter 55

566 51 5
                                    

"တကယ်လား?  ရှင်နဲ့ အဆင်ပြေတဲ့သူရဲ့ကိုယ်အပူချိန်ဟာ စိတ်ကို အေးချမ်းစေတယ်လို့ ဆိုကြတယ်လေ။

ဟုတ်ပါတယ်။ သူ၊ သူမကို အဆင်ပြေပါ့မလားဆိုတာသူမ မသေချာသေးပါဘူး။

ထိုအကြောင်းကို တွေးရင်းနဲ့ သူမစိတ်ထဲမှာ တစ်ခုခု ပေါ်လာခဲ့သည်

"အိုး မေ့နေတာ...ရှင်.. ကျွန်မကို နှစ်မီတာထက် ပိုဝေးအောင်နေဖို့ ပြောထားဖူးတယ်"

"ကျွန်မအစား အော်ဒင်သာဆိုရင် ပိုအဆင်ပြေမလား မသိဘူး"

“တွေးကြည့်ရုံလေးတောင် ကြောက်စရာကြီး”  ရူပါခ့်သည် စက်ဆုပ်စွာပြောခဲ့သည်။

"ဒါပေမယ့် ရှင် အခြားတစ်‌ေယာက်ကို ထိဖို့ ဝန်လေးနေတာ‌ေတာ့ အမှန်ပဲ။  ရှင် လန့်ခ်ျကို ပွေ့ဖက်ဖို့ရှောင်ခဲ့တာ လန့်ခ်ျဆီကနေ ကျွန်မအားလုံး ကြားပြီးပြီ”

"ဒါပေမယ့်လည်း အော်ဒင်ကသာ အသင့်တော်ဆုံးလို့ မင်းကိုကောက်ချက်မချ‌စေချင်ဘူး။"

"မင်းနဲ့က သိတာကြာပြီ"

"မင်းက ပိုကောင်းတယ်။"

“……”

တစ်ခဏတာသူမနှုတ်ဆိတ်သွားသည်။  ရိုမန့့်တစ်ဆန်သော ဇာတ်ဝင်ခန်းတစ်ခုလို ခံစားရခြင်းကြောင့် မဟုတ်ပေ။နောက်တစ်မျိုးပြောရရင်  ကြောက်စရာကောင်းတယ်။

'ဒီလူက ဒီလိုလုပ်ပြန်ပြီ!'

လေးလေးနက်နက်ပြောရရင် သူမ၏အမြင်အရ ထိုအရာသည် လွန်ဆွဲမှုတစ်ခုလို ခံစားရသည်။

'သူကတော့ သူမကိုလာမကပ်ဖို့ ပြောထားပေမယ့် အခုလို ကပ်ပြီး ပြောနေတာကြ အဆင်ပြေတယ်လေ!'

သူ့ကျိန်စာအတွက် သူမ အလေးအနက် စိုးရိမ်နေမိသည်။

“တကယ်မသိပါဘူး….”

"နိုးလ်?"

  “ရူပါ့ခ် ..ဒီအချိန်မှာ ရှင်းရှင်းလင်းလင်းပြောကြရအောင်”

ရူပါ့ခ်သည် သူမ၏ သဘောထား ပြောင်းလဲမှုကြောင့် တုန်လှုပ်ခြောက်ခြားခဲ့သည်။ စကားပြောရင် သူမကို ဒေါသထွက်စေခဲ့သေးလို့လား?

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now