Chapter 23

1.3K 145 0
                                    


"မား တို့ သွားရအောင်...."

"အပြင်ထွက်ဖို့ သမီး ကြောက်တယ်...."

"အဆင်ပြေမှာပါ....မား သမီးကို ကာကွယ်ပေးမှာ"

သူမ အောက်သို့ ဆင်းလာချိန်တွင် မျက်နှာကြတ်မှ ပြိုကျလာသော အရာများ၏ အသံကိုကျယ်
လောင်စွာကြားလိုက်ရသည်။

မြန်မြန်လုပ်ရမယ်!!! ဒီက မြန်မြန်ထွက်ရမယ်!!!!

သူမ လျှင်မြန်စွာ ပြေးနေခဲ့သည်။

သို့သော် လှေကား သို့ဆင်းပြီးမကြာမီ ဟောင်းနွမ်းနေသော တိုင်များနှင့် မျက်နှာကြက်များက သူမရှေ့သို့ ချက်ချင်းဆိုသလိုပြုတ်ကျလာသည်။

"မဟုတ်ဘူး..."

ငါဒီနေရာမှာ သေရတော့မှာလား ? သူမ ကြောက်လန့်နေသောကြောင့် မျက်လုံးများ ပိတ်ထားမိသည်။ လန့်ခ်ျနဲ့ ငါ့ရဲ့ သေခြင်းတရားကို ပြောင်းလဲလို့တောင် မရနိုင်ဘူးလား ???

သို့သော် မျက်နှာကြတ်များက ပြုတ်ကျလာသော်လည်း သူမ နာကျင်မှု မရရှိခဲ့ပေ။

ဘာလဲ...ဘာတွေဖြစ်နေတာလဲ??

"မားးးး..."

"ဒါ ဘာလဲ....???"

သူမ ခေါင်းပေါ်အရာကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။

"ဒါ အိမ်မက်ပဲလား ???"

သူမပေါ်သို့ ပြုတ်ကျတော့မည့် အပိုင်းအစနှင့် လန့်ခ်ျ သည် လေထဲတွင် ရပ်တန့်နေခဲ့သည်။ နံရံအား ဖြတ်ပြီးကြားနေရသည့် အသံများကိုတောင် သူမ မကြားရခဲ့ပေ။

“……”

နေရာတိုင်းတိတ်ဆိတ်နေတယ်။

သူမ ‌ပတ်ပတ်လည်က အရာရာတိုင်းက ရပ်တန့်နေခဲ့သည်။ တကယ်လား??? အဲ့လိုဖြစ်နေတာလား ???

အချိန် ရပ်နေခဲ့တယ်....

ထိုအချိန်ရပ်တန့်မှုက ဘယ်လောက်ကြာမှန်းမသိတာကြောင့် သူမ ကြာကြာ မစဉ်းစားနိုင်တော့ပေ။ သူမ အောက်သို့ မြန်မြန်ဆင်းရန် ပြင်ဆင်ခဲ့သည်။

သူမတို့နှစ်ဦး အောက်သို့ ‌ေရာက်လုနီးပါးအချိန်တွင် ဆူညံသံများအား ပြန်လည် ကြားရခဲ့သည်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now