Chapter-2

2.6K 193 0
                                    


သူမမှာ ဘာကြောင့်ဒီလိုတွေ လာဖြစ်နေရသလဲဆိုတာ နားမလည်တော့ဘူး။ သူမ အစေခံကို ကြိမ်ဒဏ်ပေးလိုက်တာနဲ့ချက်ချင်း အတိတ်က မှတ်ဉာဏ်တွေ အလုအယက် တိုးဝင်လာနေကြတယ်။

ဖုန်းကွယ်ထားတဲ့ အကြောင်းပြချက်တွေ ရှိနေတာလား ?

သူမ ဝတ္တု၏ ဇာတ်ကြောင်းကို သိနေတာကြောင့် ခပ်မြန်မြန်ပဲ စဉ်းစားလိုက်သည်။ ဒီဝတ္တုသည် ရူပါ့ခ်နှင့် အယ်ရှီရာ ရမ် ၏ အချစ်ဇာတ်လမ်းဖြစ်လေသည်။ အယ်ရှီရာ ရမ်သည် စစ်သည်တော်တစ်ဦးဖြစ်ရမည် ဆိုသည့် ရည်မှန်းချက်ဖြင့် ယောင်္ကျားလေးလိုဝတ်ဆင်ကာ သူမ အိမ်မှ ထွက်ပြေးခဲ့ရမှ ဝတ္တု စတင်လေသည်။ ထို့နောက် ရေဗန်စစ်သည်တော်များ အဖွဲ့သို့ သွားရောက် ပူးပေါင်းခဲ့လေသည်။

ပြဿနာက ငါပဲ။ ရူပါ့ခ် ၏ ဇနီးဖြစ်တဲ့ ငါက အသတ်ခံရတော့မှာ။

အဓိပ္ပာယ် မရှိလိုက်တာ !!!!!

ဒီတရားမျှတမှုမရှိတဲ့ အကြောင်းကို တွေးမိသွားတာကြောင့် သူမ ဆံပင်ကိုတောင် သွားဖွမိသွားသည်။ မိန်းမတစ်ယောက်က ဘယ်လောက်ပဲဆိုးဆိုး ကိစ္စ မရှိ။ သူ့ဇနီးနှင့် သမီးကို သတ်တဲ့ ကောင်ကမှ ဒီဝတ္တုရဲ့ အဓိက ဇာတ်လိုက်ပဲ။

ဘယ်လို အရှုပ်ထုပ်ကြီးလဲ !!!!! တော်တော် စက်ဆုပ်စရာကောင်းတဲ့ ဝတ္တုပဲ။

ဒါပေမယ့် အခုအချိန်က ဒီခါးသီးမှုတွေကို တွေးရမယ့် အချိန်မဟုတ်ဘူး။ အခုက ဒီနေရာကို ရှင်းလင်းဖို့ အရေးကြီးတယ်။

ပထမဆုံး ငါ့ရဲ့ ပြဿနာကောင် ယောင်္ကျားနဲ့ အဆင်ပြေအောင် အရင်လုပ်ရမယ်.......

အခုအချိန်က သူမ ယောင်္ကျားနဲ့ သူမအခြေအနေကအဆိုးဆုံး အချိန်ပဲ။ ရူပါ့ခ်နဲ့ နိုးလ်သည် နိုင်ငံရေးအရ လက်ထပ်ထားတာဖြစ်တဲ့အတွက် သူတို့ကြားမှာ အချစ်မရှိပေ။ လွန်ခဲ့သော ခုနှစ် နှစ်က အသက်နှစ်ဆယ်အရွယ် ရူပါ့ခ်သည် မားကွစ်၏ အမွေဆက်ခံသူ အဖြစ်နှင့် သူ၏အကိုအား ရိုက်နှက်ခဲ့ဖူးသည်။ ထိုအချိန်ကတည်းက ရူပါ့ခ်သည် မားကွစ်၏ ဒုတိယမျိုးဆက်ဖြစ်လာပြီး လူမှုရေးအခြေခံ ချို့တဲ့ခဲ့သည်။

ထို့နောက် ရူပါ့ခ်သည် သူမ၏မိသားစုနှင့် သဘောတူညီချက်ပြုလုပ်၍ လက်ထပ်ခဲ့လေသည်။ ထိုအချိန်တွင် နိုးလ် သည် သူ့ကို အရမ်းမုန်းနေခဲ့သည်။ သူသည် အိမ်ထောင်ပြုပြီးသည့်အချိန်တွင်ရာထူးများ ခန့်အပ်ခြင်း ခံရလေသည်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now