Chapter 74

176 21 2
                                    


"မဒမ် ဒီမှာ ရှိနေတာလား?"

"ဟယ်လို ဆာ လောရန့် "

ထရိန်နင် ပြီးကာစဆိုတော့ သူ့ရဲ့ဆံပင်များက စိုစွတ်နေသည်။

"နိုး....စောင့်ဦး လောရန့်.... မဒမ်က ဒီကို ဘယ်လိုလုပ် ပြီး ရောက်နေတာလဲ?"

သူနောက်မှ လိုက်လာသည့် စစ်သည်များက လျှင်မြန်စွာရပ်လိုက်သည်။ သူတို့က မြို့စားကတော်ရဲ့ရှေ့မှာ သူတို့ရဲ့ ပုံရိပ်တွေက အကောင်းဆုံး ဟုတ်မနေဘူးလို့ တွေးနေပုံပဲ။

နိုးလ်သည် ဗီရိုထဲမှ တာဝါကို ပစ်ပေးလိုက်သည်။

"မစိုးရိမ်ပါနဲ့။ ခန့်ညား‌တဲ့ အမျိုးသားတွေရဲ့ ကိုယ်ပိုင်အချိန်က ပုံပန်းသွင်ပြင် တွေကို အတင်းမပြောပါဘူး။ အရင်ဆုံး ခြောက်အောင် သုတ်လိုက်ဦး"

"အို...ကျေးဇူးပဲ။ ဒါလေးဖြစ်ရုံနဲ့တော့ အအေးမိတာမျိုး မဖြစ်ဖူးပါဘူး။"

“ရှင်က ငယ်ရွယ်တုန်း ဂရုမစိုက်ရင် ပြဿနာအကြီးကြီး ဖြစ်လာမှာနော်”

တစ်ချို့ စစ်သည်တွေက သူမစကားများကအရမ်းရီရသလို ရယ်မောနေကြသည်။ ပြန်ပေးဆွဲခံရတဲ့ မတော်တဆမှုအပြီးမှာတော့ စစ်သည်တွေက နည်းနည်း သတိကပ်လာကြသည်။ ဘာကို သတိကပ်လာကြမှန်း သူမမသိပေမယ့် သူမအပေါ်အမြင်ကောင်းတွေ ကျန်စေချင်ကာ အေရမ်ကိုလည်း လက်မလျော့နိုင်သေးပေ။ ဟေးလိစ် ဒါမှမဟုတ် လောရန့်.. သူတို့နဲ့အတူရှိရင် မသက်မသာ ဖြစ်ရတယ်။

"မဒမ် ကျွန်တော်တို့တွေ ဆာ့ကို အပြစ်များ ပြုထားမိသေးလား? ကျွန်တော်တော့ လေ့ကျင့်ရင်း အသက်ထွက်တော့ မယ်ထင်နေတာ... "

"ဟုတ်တယ် မဒမ် အကြောင်းရင်းလေး ဘာလေး သိလား?"

သူတို့က အခု ငြီးငြူနေပြီးတော့ အကူအညီ လက်ခံရမယ့် အခြေအနေ ရောက်နေကြပြီး။ ဒီအကြောင်းကိုကြားပြီး သူမ ရှုပ်ထွေးသွားတယ်။ ဒီရက်ပိုင်းတွေ သူနဲ့မတွေ့ဖြစ်အောင် ရှောင်နေမိတာ။

"ဒီရက်ပိုင်း ရူပါ့ခ်နဲ့ စကားမပြောဖြစ်ဘူး"

ထိုအခိုက် စစ်သည်တွေက အမူအရာတွေက တူညီလာခဲ့တယ်။ သူတို့ ပင်ပန်းနေရတဲ့အကြောင်းရင်းက သူမကြောင့် ဖြစ်နေသလိုလို...

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now