Chapter 8

1.5K 169 0
                                    

 
  နိုးလ်သည် လန့်ခ်ျ အပေါ်သို့ ရေနွေးပူ လောင်းချမိသွားတဲ့ အစေခံအသစ်ကို ကြည့်ခဲ့သည်။ ထိုအစေခံသည် တုန်ရီနေကာ ဒူးထောက်ထား‌လျက်ရှိသည်။

"ကျွန်မတောင်းပန်ပါတယ် မဒမ် ကျေးဇူးပြုပြီး အပြစ်ပေးပါ...."

ထို့နောက် ဘေးနားက လူများသည် နိုးလ်အား တစ်ဖန် ထပ်၍ဆိုးဝါးစွာ ကြည့်ကြပြန်သည်။  ။

တကယ်တော့ လန့်ခ်ျ ကို ဒဏ်ရာရအောင်လုပ်ထားလို့ ငါကစိတ်ဆိုးနေတာနော် !!!!

ဒါပေမယ့် ကြိမ်နဲ့ ရိုက်ဖို့တော့ မစီစဉ်ထားဘူး။
နိုးလ် ရေ နင်က လန့်ခ်ျ ရှေ့မှာနော် !!!!သေချာ ဆုံးဖြတ်ဖို့ လိုတယ်!!!!

သူမ သည် မိခင်ဖြစ်သည့်အတွက် ထိုအရာများအား ဖြေရှင်းရန် လိုအပ်လေသည်။ ကလေးရဲ့ စိတ်နေသဘောထားကို မထိခိုက်တဲ့ နည်းလမ်းတစ်ခုကိုလည်း စဉ်းစားဖို့ လိုအပ်သေးတယ်။ ထို့ကြောင့်  သူမလေး၏နား နားသို့ ကပ်ကာ

"လန့်ခ်ျ သမီးကို ဒဏ်ရာ ရအောင်လုပ်ခဲ့တဲ့ အစေခံကို ဘာလုပ်ချင်လဲ ?"

ထို့နောက် လန့်ခ်ျသည် သူမနားသို့ ကပ်ကာ

"အမ် သမီးတော့ မားသူ့ကို မရိုက်ဖို့ ဆုတောင်းနေတာ....."

ဒီလိုလုပ်မယ်ဆိုတာ သူမလေးတောင် သိနေသည်။ ငါးနှစ်အရွယ်ကလေးက ထိုသို့ ပြောလာတာကြောင့် သူမ ရှက်လာခဲ့သည်။

"မားက ဆိုးတဲ့ အမေ ဆိုတော့မားကို မမုန်းဘူးလား ?? "

လန့်ခ်ျသည် ခေါင်းခါပြကာ

"မား ကို သမီး မမုန်းပါဘူး။ ဒါပေမယ့် မားကို ဆိုးဝါးအောင် လုပ်တဲ့ အစေခံတွေကိုတော့ မုန်းတယ်။ မားက လှပပြီး အံ့ဩစရာကောင်းတဲ့ အမေလို့ သူတို့အားလုံးကို ထင်စေချင်တယ်။  "

အား.....ငါ့သမီးက အရမ်းချစ်စရာကောင်းတယ်။ သူမလေးက ဘယ်လိုတောင် ပြောတက်ရတာလဲ ??? ထို့နောက် မထိန်းနိုင်တော့ပဲ သူမပါးလေးအား ဆွဲမိလိုက်လေသည်။

"ဒါဆို မားတို့ ဘာလုပ်ရင်ကောင်းမလဲ ? သမီး အကြံပေးကြည့်......."

လန့်ခ်ျသည် သူမ၏နှုတ်ခမ်းလေးအားကိုက်ကာ

"မား သူမကို သမီးရဲ့ ကိုယ်ပိုင်အစေခံ လုပ်ခိုင်းလိုက်ရင်ရော ဘယ်လိုလဲ ??"

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now