Chapter 3

1.9K 177 0
                                    

 
“……”

ရူပါ့ခ် က အဓိပ္ပာယ်မရှိတဲ့ စကားမျိုးကြားလိုက်ရသလို သူမကို လှည့်ကြည့်လာတယ်။ ထို့နောက် ချက်ချင်းပဲ အေးစက်စက်ဖြင့်

"ငါ မင်းကို သေချာတစ်ခုထပ်ပြောဦးမယ်။ ငါ လျော်ကြေးငွေအတွက် မင်းကို ပိုက်ဆံပေးဖို့ စိတ်ကူးမရှိဘူး။"

"အဲ့ဒီလို ဆိုလိုတာမဟုတ်ဘူး။ ကျွန်မက ချေးပေးဖို့ပဲ ပြောတာ ...."

သူ ဒီလိုပုံစံ ပြန်တုံ့ပြန်မယ်ဆိုတာ သူမသိသားပဲ။

ဒီစကားတွေက ရူးနှမ်းပုံပေါ်ပင်မယ့် သူမကတော့ ခပ်တည်တည်ပင်။

"သေချာတာပေါ့ ငါလည်းမင်းကို ချေးတဲ့အကြောင်းပြောနေတာ"

သူက ခပ်ပြတ်ပြတ်ပင် ပြန်ပြောခဲ့သည်။

"မင်းဘာဖြစ်နေတာလဲ?  ငါ အဲဒါကို နားထောင်‌ေပးမယ်လို့ မင်းတကယ်ထင်‌ေနတာလား။"

"ထင်တယ်လေ"

သူ့ရဲ့ဇနီး....သူနဲ့ ဆက်ဆံရေး အတော် ဆိုးဝါးတဲ့ ဇနီးက သူ့ကို ပိုက်ဆံချေးနေတယ်။ သူ့ကို မကျိန်ဆဲနေလို့တောင် သူဝမ်းသာရဦးမယ်။
သို့သော်လည်း သူ၏ မျက်နှာတည် အား ဆက်လက်ထိန်းသိမ်းထားတုန်းပင်။

"နေဦး ကျွန်မရဲ့ ရှင်းပြချက်ကို အရင်နားထောင်ပေးဦး။ ကျွန်မမှာ အကြံ တစ်ခုရှိတယ်...."

"အဲ့ဒီတော့ မင်းဘာတွေ လုပ်ချင်တာလဲ။"

သူမစကားပြောလို့ မပြီးခင်မှာပဲ ရူပါ့ခ် က ဖြတ်ပြောခဲ့သည်။

"မင်းရဲ့အမှိုက်ထုတ်စကားကြားရတာကို မုန်းလို့ ငါမင်းကို မကန်ထုတ်ခင် အခုပဲချက်ချင်း စာဆယ်လုံးနဲ့ မင်းရဲ့ ဆိုးရွားတဲ့ဆန္ဒကို အတိုချုံ့ပြီးပြော "

“…….”

ရူပါ့ခ်ရဲ့ စိတ်ရှည်မှုက အလွန်တိုတောင်းတယ်။

ဒါက ငါ့ရဲ့ နောက်ဆုံး အခွင့်အရေးများလား ?
စတင်ဖို့ အခက်ခဲဆုံးအချိန်ကို ရောက်နေပြီပဲ...

"မင်းအခုချက်ချင်းပြော....မဟုတ်ရင် ငါ.... "

သူမသည်လည်း လျှင်မြန်စွာ

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now