Chapter -66

327 27 1
                                    


"မင်းက တကယ့်ကို ခက်တဲ့ မေးခွန်းတွေ မေးနေတာပဲ...နိဂုံးချုပ်ရရင် အဲ့လို အရာမျိုးမရှိဘူး။ ခန့်မှန်းလိုက်တာ..."

“တကယ်လား?”

မိုက်ကယ်သည် ရီကာ  “အချိန်က မှော်ပညာနဲ့ ချုပ်ကိုင်လို့ရတဲ့ နယ်ပယ် မဟုတ်ဘူး”

"အရင်တုန်းက မှော်စွမ်းအားနဲ့ အလင်းထက်ပိုမြန်မြန် ရွေ့လျားနိုင်တယ်လို့ ဆွေးနွေးတာ ကျွန်မကြားဖူးတယ်။ ရှင်ရော အဲ့လိုလုပ်နိုင်လား?"

"ကိုယ်တို့က မှော်စွမ်းအားသုံးပြီး အလင်းထက်မြန်မြန်ရွေ့လျားနိုင်ရင်တောင်မှ ခန္ဓာကိုယ်က ဆန့်ကျင်မှုက ရှိလိမ့်မယ်"

သူ့အတွေးက လက်တွေ့ဆန်လွန်းလို့ ဒီစိတ်ကူးယဉ်ကမ္ဘာနဲ့တောင်မသင့်တော်ဘူး။

“… အဲ့တာ မှန်တယ်”

သူသည် မကျေမနပ်ဖြစ်နေသည့် နိုးလ်၏မျက်နှာကိုကြည့်ပြီး ခါးသီးစွာပြုံးလိုက်သည်။

"ဒါပေမယ့် နိုးလ်.. မင်း ကိုယ့်ရဲ့အဖြေကို သိပ်ယုံကြည်စရာ မလိုပါဘူး"

“ဘာလို့လဲ?”

"တကယ်တော့ ကိုယ်က အခြားသူတွေထက် မှော်ပညာအကြောင်းကို နည်းနည်းပဲ ပိုသိတာ... ပြီးတော့ ကမ္ဘာပေါ်က ပြဿနာအားလုံးရဲ့အ‌ေဖြကိုလည်း မသိဘူး။ နည်းလမ်းအသစ်တွေ ရှာဖွေမတွေ့ရှိသေးရင်တောင် နည်းလမ်းတွေတော့ ရှိရမယ် "

"ဒါက အလွန်အမင်းနှိမ့်ချတဲ့ ဖော်ပြချက်ကြီး မဟုတ်လား?"

"ကိုယ်...တကယ်ပြောတာပါ...လူတိုင်းက ကိုယ့်အပေါ် အလွန်အမင်း မျှော်လင့်နေကြတာ... ကိုယ်အခု အားလပ်ချိန် လိုချင်နေတာ"

အဲ့လိုကြားရတာ သူမ နည်းနည်းတော့သနားသွားတယ်။ သူမ၏ စပ်စုချင်စိတ်ကြီးကို ဒီအလုပ်ရှုပ်နေတဲ့သူက ဖြေရှင်းပေးနေလေသည်။

"တောင်းပန်ပါတယ်...ကျွန်မ အများကြီး မစဉ်းစားမိလိုက်ဘူး"

"အဆင်ပြေပါတယ်။ ကိုယ်လည်း မင်းကိုလွမ်းနေတာ...မင်းရဲ့စာ ရောက်လာတာ တကယ်လားလို့လည်း အတည်ပြုချင်တာလည်းပါတာပေါ့လေ"

“ဒါဆို ရှင့်ရဲ့ အားလပ်ရက်တွေမှာ ပျော်ရွှင်ပါစေ...”

မိုက်ကယ်သည် ပြုံးပြီး

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now