Chapter 82

319 17 1
                                    

ရုံးခန်းထောင့်ရှိ ဖိုင်များပြည့်ကျပ်နေသော ဗီရိုအား သူမဖွင့်လိုက်သည်။

ရူပါ့ခ်နှင့် အော်ဒင်သည် နှလုံးသားမဲ့ပုံပေါက်ပေမဲ့ မျှော်လင့်ထားသည့်အတိုင်းဒီကိစ္စကို ဂရုစိုက်ကြလေသည်။

မိဘမဲ့ကလေးများကို လုံးဝဂရုမစိုက်သော တာဝန်မဲ့သည့်သခင်များစွာလည်းရှိလေသည်။

သူမ မီနိုနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို စတင်ဖတ်ရှုခဲ့သည်။

သူ၏မိဘများသည်သူ့အသက် ရှစ်နှစ်မှာ ဆုံးပါးသွားခဲ့ပြီး အော့စစ်ရွာရှိ မိဘမဲ့ဂေဟာတစ်ခု၌ သူ့အား အပ်နှံထားခဲ့သည်။

အဲဒီနောက်မှာတော့ သူသည် ထိုမိဘမဲ့ဂေဟာနှင့် လိုက်လျောညီထွေမှုမရှိဘဲ အခု နေနေသည့် မိဘမဲ့ဂေဟာသို့ သွားရှိခဲ့သည်။

အာ့....

သူမ သဲလွန်စတစ်ခု စဉ်းစားမိပြီးထင်တယ်။

မီနိုရှိသည့် မိဘမဲ့ဂေဟာ၏တည်နေရာနှင့် သရဲမြင်တွေ့ခဲ့ရသည့်မြေပုံပေါ်ရှိ ရွာကို သူမ နှိုင်းယှဉ်ကြည့်လိုက်သည်။

အချိန်က သွား တိုက်ဆိုင်နေတယ်!!!

ထိုကောင်လေး ရွာရှိ မိဘမဲ့ဂေဟာထဲကို စဝင်တဲ့နေ့ကစပြီး ရွာထဲမှာ တစ္ဆေသရဲတွေ တွေ့လာရတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့သည်။

ဒါကို တိုက်ဆိုင်မှုတစ်ခုအနေနဲ့ လျစ်လျူရှုလို့မရပါဘူး။

ဒါပေမယ့် ချက်ချင်းဖော်ထုတ်ဖို့က ခက်သည်။

အထောက်အထားလည်း မရှိပေ။ သူမသည် စာရွက်စာတမ်းတွေကို တိတ်တဆိတ်ပြန်ချထားပြီးနောက် အပြင်သို့ပြန် ထွက်လာခဲ့သည်။

အခုထိ အဖြေမရသေးတဲ့မေးခွန်းတစ်ခု ရှိသေးတယ်...

သူမပါးပြင်ကို ထိသွားတဲ့ သရဲအကြောင်း.....

ရူပါ့ခ်နှင့် မိုက်ကယ်က သူမမြင်ဖူးတာကြောင့် ကြောက်ပြီး အမှားလုပ်မိမလားလို့ စိုးရိမ်နေကြပါတယ်။

တကယ်က မှော်ဗဟိုချက်အနီးမှာ မရှိရင် တစ္ဆေကို မမြင်ရပါဘူး။

သို့သော် တစ်ဖက်တွင်မူ ထိုညက မှော်ဗဟိုချက်သည် သူမနှင့် မနီးစပ်ခဲ့ပေ။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now