Chapter 61

369 41 6
                                    


တော်ဝင်အမျိုးသမီးများက သူမကို ခိုးမကြည့်ပုံ ဟန်ဆောင်နေလေသည်။ နိုးလ်သည်လည်း သူတို့တွေက ဘယ်သူမှန်းဆိုတာ မသိပေမယ့် သူတို့က အရမ်း ဟောင်ဖွာ ေဟာင်ဖွာ နိုင်ကြလေသည်။

"မားကွစ်ကတော် ၊နင်က အခြားသူတွေနဲ့ စကားတစ်ခုခုစပြောပြီး ခြေလှမ်းစဖို့ ရည်ရွယ်ချက်မရှိဘူးထင်တယ်"

ပွဲတက်ရောက်သူများနှင့် စကားစမြည်ပြောနေသော ကာလာ သည် သူမ၏ဘေးတွင်ထိုင်ကာ ထိုသို့ပြောလိုက်သည်။

သူမအနည်းငယ်ပြုံးလိုက်ကာ

  “မိန်းမပျိုတွေရဲ့ ရှုထောင့်ကနေကြည့်ရင် ဒေါသကြီးပြီး စိတ်ဆိုးတယ်လို့ ကောလဟာလထွက်နေတဲ့ မားကွစ်ကတော်ရဲ့ တကယ့်ပုံစံအစစ်အမှန်ကို တွေ့လိုက်ရတာလို့ သူတို့တွေအရမ်း အံ့သြနေကြလိမ့်မယ်”

ကာလာသည် ယဉ်ကျေးသိမ်မွေ့စွာဖြင့် စကားစမြည်ပြောပြီးနောက် ထွက်သွားမည်ဟု သူမထင်ခဲ့ပေမယ့် သူမသည် မမျှော်လင့်ဘဲ စကားဆက်၍ပြောခဲ့သည်။

"နင် ပွဲတွေ မတတ်တာ နှစ်ပေါင်းအနည်းငယ် ကြာနေပြီးလေ... လူတိုင်းက သိချင်စိတ်အရမ်းပြင်းပျနေကြတာ"

"ဒါဆို အခုချိန်ကစပြီး ငါ ပွဲတွေ ပြန်တက်သင့်ပြီနဲ့တူတယ်"

“အေနီရယ်မိသားစုကို အတူတကွ ပြန်တွေ့ရတာ အရမ်းဝမ်းသာပါတယ်။  နင့်မျက်နှာကိုလည်း မကြာခဏတွေ့ရရင် ကောင်းမယ်"

ဒါက မမျှော်လင့်ထားတဲ့ ချီးကျူးမှုတစ်ခုပါပဲ။  သူမက ငါ့အပေါ်ဘာလို့သဘောကောင်းနေတာလဲ?

“အင်း…ဒီလိုပြောေပးလို့ ကျေးဇူးတင်ပါတယ်”

"နင့်ရဲ့ခင်ပွန်းမားကွစ်‌ေအနီရယ်က အရမ်းနာမည်ကြီးတဲ့သူတစ်ယောက်လေ။  အိုးဟုတ်သားပဲ....မားကွစ်အေနီရယ်က မိန်းမပျိုတွေကြားမှာတော်တော်လေး ရေပန်းစားတယ်” ဟု တိုးတိုးလေးပြောခဲ့သည်။

“အန္တရာယ်ရှိတဲ့အသွင်အပြင်နဲ့လူတစ်ယောက်ကို ဆွဲဆောင်ချင်နေကြပုံပဲ” ဟု သူမ ရယ်မောရင်း ပြောလိုက်သည် ။

တကယ်လည်း သူမအမျိုးသားက အန္တရာယ်အငွေ့အသက်တွေ ပြည့်နှက်နေတဲ့လူပင်။ မကြာသေးခင်က သူ့အပြုအမူတွေကိုပြန်ကြည့်ရရင် နည်းနည်းတော့ အန္တရာယ်အေငွ့အသက်တွေ နည်းပါးလာသလိုပဲ။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now