Chapter 63

364 37 2
                                    

တကယ်တော့ နိုးလ်သည် ဆေးပင်အစားထိုးသုံးမယ့် ပဋိဇီဝဆေးကို ကိုယ်စားပြုတဲ့ ပင်နီဆလင်ဆေး ကို စိတ်ကူးခဲ့သည်။

'စိုက်ပျိုးလို့ရနိုင်ပေမယ့်....

အပြာရောင်မှိုကို အမြောက်အမြားထုတ်လုပ်ဖို့ အဆင်ပြေပေမယ့် ဆေးသန့်စင်ဖို့က ပြဿနာဖြစ်သည်။

ဒီကမ္ဘာမှာ ဆေးပြားတွေ ဘယ်လိုဖြစ်လာမှန်း သူမ မသိဘူး။

'အော့ပနီယန် မိသားစုတွင် ထူးချွန်သော ဆေးဆရာများစွာ ရှိသည်။'

သူတို့သည် မိသားစုစီးပွားရေးဖြစ်သည့် အယ်ဖီဒါဆေးကို ဖန်တီးထားသူများဖြစ်သည်။

သူတို့ထုတ်လုပ်ထားတဲ့ အယ်ဖီဒါ ရဲ့ အရည်အသွေးက တခြားနေရာမှာ လုပ်ထားတာထက် အများကြီးသာလွန်သည်။

“‌ရူပါ့ခ် အော့ပနီယန်ကနေ ဆေးဝါးထုတ်လုပ်တဲ့ပညာရှင်တွေကို ခေါ်ဖို့နည်းလမ်းရှိလား?"

သူတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါက ပဋိဇီဝဆေးအသစ်များ ဖန်တီးနိုင်မည်ဖြစ်သည်။

"ဆေးဆရာမရှိဘဲ ဆေးလုပ်လို့မဖြစ်နိုင်ဘူးမလား။"

"ဟုတ်တယ်... တကယ်သာ ထုတ်လုပ်နိုင်မယ့် ဆေးဆရာရှိမယ်ဆိုရင် အော့ပနီယန်မိသားစုက အခုထက်ပိုပြီး တစ်ကိုယ်ကောင်းဆန်မှု နည်းလိမ့်မယ်။"

အော့ပနီယန်မိသားစုသည် အံ့ဖွယ်ဆေးပင်ကို ကြီးထွားစေပြီး အေနီယယ် သည် အရည်အသွေးအမြင့်ဆုံး ဆေးဝါးကို ထုတ်လုပ်ခဲ့မယ်ဆိုရင်....

အခြားရွေးချယ်စရာမရှိရင်တောင်မှ လက်ဝါးကြီးအုပ်တဲ့အာဏာကို အဲဒီနည်းနဲ့ ခွဲထားရင် အဆင်ပြေနိုင်လိမ့်မယ်။

“အရိုးရှင်းဆုံးနည်းလမ်းကတော့ သူတို့ကို စစ်သုံ့ပန်းအဖြစ် ခေါ်သွားတာပဲ” ဟု သူက ပြောလေသည်။

“…ကျွန်မတော့  မထင်ပါဘူး။”

သူမ ငယ်ငယ်တုန်းကတော့ မိသားစုဆေးဆရာတွေကို အကြိမ်ပေါင်းများစွာ တွေ့ဖူးလေသည်။ သူတို့သည် လက်မှုပညာသည်၊ သုတေသနသမားတွေလို ကဏ္ဍပေါင်းစုံမှာ စည်းစည်းလုံးလုံးရှိကြသူတွေပင်။ ထိုနယ်မြေထဲမှာပဲ မျိုးဆက်ပေါင်းများစွာ နေထိုင်လာရင်း သူတို့သည် အော့ပနီယန်နယ်‌ေမြကို နက်နက်ရှိုင်းရှိုင်း တွယ်တာလာခဲ့ကြလေပြီ။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now