Chapter 62

334 40 2
                                    

ဟုတ်ပါတယ်....  အော့ပနီယန်မိသားစုက အံ့ဖွယ်ဆေးပင် ကိုအားကိုးပြီး ငွေကြေးစီမံခန့်ခွဲမှုကို ကြိုက်သလို ချယ်လှယ်နေလေသည်။

နိုးလ်သည် အေးစက်သော အကြည့်ဖြင့် သူမကို စိုက်ကြည့်လိုက်သည်။

"အမေဖြစ်သင့်တာကို ရှင်းရှင်းလင်းလင်းသိရင် ပိုကောင်းမယ် အမေ။ ကျွန်မကိုသမီးတစ်ယောက်အနေနဲ့ ဆက်ပြီးဆက်ဆံချင်သေးတယ်ဆိုရင် ဒီလိုလက်တုံ့ပြန်တာကို ရပ်လိုက်ဖို့ အဖေကို စည်းရုံးပေးပါ။ ကိုယ့်သားသမီးကို ဂရုစိုက်တဲ့ မိဘတိုင်းလိုပုံစံနဲ့ပေါ့။ မဟုတ်ရင်‌ေတာ့.....-"

"မဟုတ်ရင်တော့.....?"

“ဒါပေမယ့် သမီးတစ်ယောက်လိုမဟုတ်ပဲ မားကွစ်ကတော်လိုသာ ဆက်ဆံချင်ရင်တော့ ကျေးဇူးပြုပြီး ယဉ်ကျေးလိုက်ပါ။  ကျွန်မလည်း သင့်တော်တဲ့ သဘောထားကို သေချာပြပါမယ်... မြို့စားကတော်”

"အခု နင်က နင့်အမေကို ခေါင်းငုံ့ခိုင်းနေတာလား?  နင့်ကို ပြုစုပျိုးထောင်ခဲ့တဲ့သူကို မေ့သွားပြီလား?  နင့်ရဲ့ဘာမှမဟုတ်တဲ့ ရာထူးနဲ့ ဘာလုပ်နိုင်မှာမို့လို့လဲ"

"ဘာမဟုတ်တဲ့ ရာထူး?  ကျွန်မကို မလိုအပ်တဲ့အခါကျရင် ကျွန်မက သူစိမ်းတစ်ယောက်ဖြစ်ပြီး အမေ မကျေနပ်ဘူးလို့ ခံစားရတဲ့အခါကျတော့ ကျွန်မက အမေ့ရဲ့သမီးလား?"

သူမ ပြုံးလိုက်သည်။  "ကဲ၊ အမေဘယ်ဟာရွေးမလဲ"

အဲလက်စ်သည် သူမသမီးကို ခဏလောက် စိုက်ကြည့်ပြီးနောက် သူမက ပြတ်ပြတ်သားသား ပြန်ပြောခဲ့သည်။

"ဟားးးး....ဟုတ်ပါတယ်.....နင့်ခေါင်းကို ဘယ်လောက်ထိထောင်ထားနိုင်လဲဆိုတာ ကြည့်ရအောင်။ အေနီရယ်ရဲ့ နယ်မြေမှာ အခုချိန်ကစပြီး အံဖွယ်ဆေးပင်ကိုမမြင်စေရဘူးလို့ ငါပြောရဲတယ်”

ထိုသို့အော်ပြောပြီးတာနဲ့ အဲလက်စ်က လက်ဖက်ရည်ပွဲသို့ပြန်လာခဲ့သည်။

ခဏကြာတော့ နိုလ်လည်း ပြန်လာပြီး သူမထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။  ကာလာသည်လည်း ထိုင်ခုံမှာပင် ရှိနေသေးသည်။

"ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်း ကာလာ"

"ဟမ်?"

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now