Chapter 56

514 51 4
                                    

နောက်ဆုံးတော့ သူမသည် ဂန္ဓဝင်ဆန်တဲ့ အလုပ်ကို လုပ်ရမယ့် အချိန်ရောက်ပြီဖြစ်သည်။

သူမ စာတွေကို ကြည့်နေလေသည်။သူတို့ထဲက  အများစုက ဖိတ်စာများဖြစ်ကြသည်။

လူမှုရေးအရလောကဝတ်တစ်မျိုးပါပဲ။

သူမ သိပ်မကြိုက်ဘူး။

သူမ ငယ်ငယ်ကတည်းက ပျော်ရွှင်စရာအမှတ်တရတွေဆိုတာ မရှိဘူး။

'ဒါကြောင့် သူမ မသွားနိုင်ဘူး'

အရွယ်ရောက်လာတဲ့အခါ မကြိုက်တဲ့အရာတွေမလုပ်ဖို့ စည်းမျဉ်းထားထားရမယ်။

စာကို ကြည့်ရင်းနဲ့ ရင်းနှီးတဲ့ မိသားစုအမှတ်အသားကို တွေ့ခဲ့သည်။

“အယ်။”

ပန်းပွင့်ပုံသဏ္ဍာန်လေး... အတော်လေးလှတဲ့ မိသားစုအမှတ်အသားဖြစ်ပေမယ့် ဒီမိသားစုရဲ့ အတွင်းပိုင်းဟာ ပုပ်ပွနေတယ်ဆိုတာ သူမ ကောင်းကောင်းသိပါသည်။

အဲဒါ သူမမွေးတဲ့ မိသားစုပါ။

'ဘာလို့ သူတို့တွေက စာလာပို့တာလဲ'

ရည်ရွယ်ချက်ကောင်းနဲ့တော့ မဖြစ်နိုင်ဘူး။  သူတို့သည် အလွန်တစ်ကိုယ်ကောင်းဆန်သူများဖြစ်ကြသည်။

သူမသည် စာကိုမဖွင့်ဘဲ မီးရှို့လိုက်သည်။

ထပ်ပြီး ရင်းနှီးတဲ့ တံဆိပ်ကို တွေ့လိုက်ရပြန်သည်။

ဒီတစ်ခါတော့ သူမ အရမ်းပျော်သွားပြီ။

"အဲဒါ မိုက်ကယ်ဆီက!"

ငယ်စဉ်ကတည်းက ခင်မင်ရင်းနှီးခဲ့သောသူဖြစ်ပြီး ဆွေမျိုးရင်းချာများကဲ့သို့ ဖြသ်လေသည်။  သူသည် သူမထက် နှစ်နှစ်ကြီးပေမယ့် ငယ်သူငယ်ချင်းတွေဖြစ်ကြသည်။

သူသည် ကမ္ဘာပေါ်တွင် သူမအယုံကြည်ရဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။

သူ့အဖြေကိုစောင့်နေရလွန်းလို့ သူမလည်ချောင်းတွေ တောင် ခြောက်နေပြီးလို့ထင်‌ေန‌ေလသည်။

သူသည် ချီးမြှောက်ခံရသော ပုဂ္ဂိုလ်ဖြစ်သောကြောင့် ၎င်းနှင့်ပတ်သက်၍ သူမဘာမှ မတတ်နိုင်ပေ။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now