Chapter 60

458 39 4
                                    

   


'အားလုံးမေ့ပလိုက်ချင်တယ်'

ရူပါ့ခ်ရဲ့မျက်နှာကို အခုချိန်ကစပြီး ဘယ်လိုကြည့်ရမှန်းမသိတော့ဘူး။

သူမသည် ကုတင်ပေါ် က အမြန်ထထိုင်ကာ

"…တောင်းပန်ပါတယ်။"

အနှစ်ချုပ်ပြောရလျှင် 'ရှင်က ကျွန်မအကြိုက်နဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ' ဟုကောက်ချက်ချနိုင်တဲ့ စကားဝိုင်းအပြီးမှာ သူမက ရူပါ့ခ်နဲ့ နဲ့ ပရောပရည်လုပ်ခဲ့လေသည်။

'အပြောအဆိုနဲ့ လုပ်ရပ်တွေက တစ်ထပ်တည်း ကျမနေဘူးပဲ!'

ရူပါ့ခ်ကို သူ့အချစ်စစ်နဲ့ တွေ့အောင် ကူညီပေးရမှာလေ... ဒါပေမယ့် မနေ့ညကလိုငါ ပြုမူလိုက်တော့ အခုအချိန်အထိ ခက်ခက်ခဲခဲတည်ဆောက်ထားတဲ့ ကောင်းမွန်တဲ့ ခံစားချက်တွေ ပျောက်ကွယ်သွားတော့မယ်။

'ငါက အောင်သွယ်တာဝန်ကို ထမ်းဆောင်ရမယ်...'

ဒါဟာ အနည်းငယ် ခါးသီးတဲ့ အမှားဖြစ်ပြီး တစ်သက်လုံး အရှက်ရနေတော့မှာပဲ။

“နောင်ခါ ဒီလိုမျိုး ထပ်မသောက်နဲ့‌ေတာ့”

“ဟုတ်ကဲ့….”

ဒါက ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုမှုတစ်ခုပင်...

"ကျွန်မက ထူးဆန်းတာတစ်ခုခုများ ပြောခဲ့သေးလား"

"ပြောခဲ့တယ်။"

"ဘယ်လိုမျိုးလဲ?"

ရူပါ့ခ်က နှုတ်ခမ်းထောင့်စွန်းအား ကော့တင်၍ပြုံးကာ

"အဲ့စကားက ကိုယ့်ကို စိတ်အပျက်ဆုံးဖြစ်စေတဲ့ စကားပဲ"

…….. ငါ ဒီ့ထက်ပိုပြီး ညစ်ညမ်းမှုတွေ လုပ်ခဲ့တာလား?

'ငါ ငါ ကျိန်စာတွေ ဒါမှမဟုတ် အတိတ်ဘဝတွေအကြောင်းတွေကို မပြောမိခဲ့လောက်ပါဘူးနော်။ '

"ကောင်းပြီ၊ အဲဒါကို တောင်းပန်မှုနဲ့ ဖြေရှင်းလို့ မရဘူးလား"

"သေချာပေါက် မရဘူးပေါ့"

သူသည်အေးစက်စွာ ပြုံးရင်း သူမအနားသို့ ချဉ်းကပ်လာခဲ့သည်။ မနေ့က သူမပြောခဲ့တဲ့ စကားတွေထဲမှာ သူ့ကို အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ စကားရှိနေတဲ့ပုံပါပဲ...

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now