Chapter 64

298 32 1
                                    


“ခဏစောင့်”

ဟော့ဖန်မိသားစုမှာကာလာ ကသာ သူမဆီ စာပို့မယ့်သူတစ်ဦးပဲ။ တော်တော်လေး အလျင်တဆော နိုင်နေတဲ့ပုံပဲ။

ဘာကြောင့် ရုတ်တရက်ကြီး ဒီလိုဖြစ်သွားတာလဲ?

သူမ စာကိုဖတ်ပြီး ရှော့ခ်ရသွားခဲ့သည်။

သားလျှောတာလား? (ကလေးပျက်ကျ)

ထိုစာသည် ကာလာ သားလျှောသည့်အကြောင်းအား ဖော်ပြထားခဲ့သည်။

ဘာကြောင့်လဲ?

အရင်နေ့တွေက ကောင်းပုံပေါ်ပေမယ့် ခုနောက်ပိုင်းကျမှ ရုတ်တရက် ဖြစ်သွားတဲ့ပုံပဲ။

စာတွင် သူမထံ တစ်ကြိမ်လာရောက်လည်ပတ်ရန် တောင်းဆိုထားခဲ့ပြီး သူမသည် နိုးလ်၏အကူအညီကို လိုအပ်နေသည်။

သူမ ပဟေဌိဖြစ်သွားတယ်... သူမ နေမကောင်းဖြစ်ရင် ဆရာဝန်ကို မေးလို့ရတယ်လေ။

ဒါဆို နောက်ပြဿနာရှိတာလား?  မွေးဖွားခြင်းနဲ့ ပတ်သတ်တဲ့ တစ်ခုခု....

'အရင်ဆံုး သွားကြည့်ရအောင်။'

သတင်းကြားပြီးကတည်းကနှေးကွေးလို့မရဘူး။  မကူညီနိုင်ရင်တောင် အနည်းဆုံးတော့ သူမကို နှစ်သိမ့်ပေးသင့်တယ်။

သူမ တွေးကြည့်ရင်း စိတ်ဓာတ်ကျသွားခဲ့သည်။

'ငါ အဲဒါကို တားလို့ မရ‌ေတာ့ဘူးလား'

သို့သော် ယခုနောင်တရဖို့ အချိန်မရှိတော့ဘူး။

"အပြင်ထွက်ဖို့ ပြင်ထားလိုက်...."

ရထားလံုးဖြင့် ဟော့ဖန်၏အိမ်သို့သွားရန် အချိန်သိပ်မကြာလိုက်ပေ။

သူမသည် ကာလာအိပ်ခန်းရှေ့မှာ ရပ်ပြီး ဂရုတစိုက်တံခါးခေါက်လိုက်သည်။

"ကာလာ?"

"နိုးလ် ဝင်လာပါ"

သူမ တံခါးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။  ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာနဲ့ သူမကို နိုးလ်မြင်လိုက်ရသည်။

“… ငါ ဘာပြောရမှန်းတောင် မသိဘူး” ဟု နိုးလ်သည် မဝံ့မရဲနဲ့ ပြောလိုက်သည်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now