Chapter 72

206 21 0
                                    


သူမ အံ့သြစွာ ခေါင်းမော့လိုက်မိသည်။

'နောက်ထပ်လား?'

ဒါက အရင်တစ်ခေါက်နဲ့ လက္ခဏာအတူတူပါပဲ။

အရာအားလုံးရပ်တန့်သွားသည်။အခန်းထောင့်တွင်ရှိ မီးပုံး၏မီးတောက်လေးများပင် မရွေ့ပေ။

'ငါ ဘာလုပ်ရမလဲ?'

အခုက အချိန်တွေ ရပ်တန့်သွားတဲ့အတွက် အေရမ်ကို တစ်ယောက်တည်း ကယ်လို့ မရဘူး။

ထိုအချိန်တွင် လေထုသည် လှိုင်းလုံးများကဲ့သို့ ရွေ့လျားလာခဲ့ပြီး ပုံသဏ္ဍာန်သည်လည်း တဖြည်းဖြည်း ထင်ရှားလာခဲ့သည်။

ခဏလေးအတွင်းမှာပဲ နာရီလေးကသူမ ရှေ့တွင် ပေါ်လာခဲ့သည်။

၎င်းသည် ပြိုးပြိုးပြက်ပြက်တလက်လက်နဲ့  ရွှေရောင်လိုင်းများ ပါ၀င်သည့် နာရီဖြစ်ပြီး နာရီလက်တံကလည်း တစ်ခုတည်းဖြစ်သည်။ ၎င်းတွင် နံပါတ်များ လည်းရေးထိုးထားခြင်းမရှိပေ။

"ဒါဘာလဲ…?"

ဘာတွေဖြစ်နေမှန်း သူမ မသိတော့ဘူး။  အိပ်မက်တစ်ခုလို့ သာ ယုံလိုက်ချင်တော့တယ်။

ထို့နောက် သူမသည် မဝံ့မရဲဖြင့် နာရီလက်တံကို အသာအယာထိလိုက်မိသည်။

"ငါ ရွှေ့နိုင်တယ်။"

ဒီအတိုင်းထက်စာရင် တစ်ခုခုလုပ်တာကမှ ပိုကောင်းဦးမယ်။

သူမ မသေချာပေမယ့် အချိန်ကို အရှေ့တိုးတာထက် နောက်ကိုပြန်လှည့်တာက ပိုကောင်းမယ်ထင်တယ်။

ဤအခြေအနေတွင် အချိန်မည်မျှရှေ့သို့ ရွေ့လိုက်ပါစေ.. အေရမ် သေဆုံးမယ့် အနာဂတ်တစ်ခုသာရှိလိမ့်မည်။

သူမ နာရီလက်တံကို ဖြည်းဖြည်းချင်း ရွှေ့လိုက်သည်။

'‌ေရွ့ဖို့ ခက်တယ်။'

သူမလက်ချောင်းတွေက အပ်ကို ဖြည်းဖြည်းချင်း ရွေ့လိုက်တိုင်း တစ်ကိုယ်လုံးက ခွန်အားတွေ ကုန်သွားသလို ခံစားလိုက်ရသည်။

'အချိန် နောက်ပြန်မဆုတ်ခင် သူမအရင်င် လဲကျသွားနိုင်တယ်။

သေရေးရှင်ရေးအခြေအနေမဟုတ်ဘဲ ဒီစွမ်းအားကို အသုံးပြုလို့မရဘူးလို့ ထင်တယ်။ ဘာလို့လည်းဆိုတော့ နည်းနည်းလေး လှုပ်ရှားတာနဲ့တောင် သူမ အသက်ရှုသံတွေက တဟုန်ထိုး တိုးလာခဲ့သည်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now