Chapter 50

564 58 3
                                    

အော်ဒင် သက်ပြင်းချလိုက်တယ်။

ဘယ်လိုတွေ ဖြစ်ဦးမှာလဲ???

အခု သူသည် နိုးလ်ရဲ့ အမိန့်အရ ရေတွင်းထဲမှ ရေကို ဆွဲနေလိုက်လေသည်။

ဗစ်ကောင့်ဒယ်လ်ပိုင်း မှ အလုပ်သမားတစ်ဦးသည် ထိုကဲ့သို့အရာမျိုးသည် လုပ်ဆောင်ရမည်ဖြစ်သော်လည်း သူမ၏ အနည်းငယ်စိတ်မရှည်မှုက ဤအရာအားလုံးအတွက် အကြောင်းရင်းဖြစ်လေသည်။

ဒါပေမယ့် အော်ဒင်သည်သူမအမိန့်အတိုင်း တိတ်တဆိတ် လိုက်နာရမည့် အကြောင်းပြချက်မျာစ ရှိခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် သူ၏အမှားကို လုံးဝ ဝန်မခံနိုင်သော လူမဟုတ်ပေ။

သူသည် သူမကို မနှစ်သက်သော်လည်း ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြသခြင်းက မှားယွင်း‌ေလသည်။

သခင်၏ အနီးကပ်လက်ထောက်တစ်ဦးဖြစ်သော သူသည် သခင်၏ဇနီးအား အခြေခံ ယဉ်ကျေးမှုကိုပင် မပြသခဲ့ပေ။  သေချာတာကတော့ ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်မိတာပါပဲ။

ဒါ့အပြင် ကောလာဟလတွေသည်လည်း အပြင်မှာ လျင်မြန်စွာ ပျံ့နှံ့နေသည်။

နောက်ဆုံးတွင်၊ ၎င်းသည် ထိုအမှုသည် အေရီရယ်နယ်မြေအတွင်းပိုင်းမတည်မငြိမ်ဖြစ်မှုသို့ ကူးပြောင်းသွားပြီး ဝန်ထုပ်ဝန်ပိုးသည် နယ်မြေ၏သခင်ထံသို့ တိုက်ရိုက်ရောက်ရှိသွားမည်ဖြစ်သည်။

သူမထောက်ပြခဲ့သောအရာသည် ထိုသို့သောအခြေအနေနှင့် ပတ်သက်၍ သူသတိပြုမိသောကြောင့် သူ၏အပြုအမူကို ချက်ချင်းပြင်ခဲ့သည်။

'သူမက သူတကယ် သတိထားရမယ့် ပြိုင်ဘက်ဖြစ်လာပြီ။'

သူမက ပြိုင်ဘက်ကို ဘယ်လို ဆွဲဆောင်ရမယ် ဆိုတာကို  သိလေသည်။

စကားပြောနေစဉ်တွင် သူသည် မထင်မှတ်ထားသော အစိတ်အပိုင်းများကို မကြာခဏ ဖမ်းဆုပ်မိတတ်သည်။

ဆိုလိုတာက သူထင်ထားတာထက် သူမက ပိုထက်မြက်လေသည်။

'သူမက ဉာဏ်ကောင်းတယ်လို့ တွေးရမယ့်နေ့ ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ သူ မမျှော်လင့်ထားဘူး'

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now