Chapter 59

390 41 1
                                    

သူမသည် တခစ်ခစ်ရယ်ကာ  “ကြားရတာတော့ကောင်းပါတယ် ရူပါ့ခ်။  ရှင်ဒီလိုဟာသမျိုးပြောတက်မယ်လို့တောင် မထင်ထားဘူး"

"နိုးလ်"

"ဟင်?"

"ကိုယ်မင်းကို မပြောရသေးတာတွေရှိနိုင်ပေမယ့် ကိုယ်မင်းကို မလိမ်ဖူးဘူး"

“ဒါလည်း လိမ်တာပဲ”

"ဒါက ကိုယ် မင်းနဲ့ လန့်ခ်ျကို လက်ခံဖို့ ဆုံးဖြတ်တုန်းက ကိုယ်ကတိပေးခဲ့တာ‌ေလ။"

ဟား....သူမူးနေတာလား မသိဘူး?

ရူပါ့ခ်သည် သူပုံမှန်ပြောလေ့မရှိသော အရာများစွာကို တံတွေးထွေး‌ေနသလိုမျိုး ဆက်တိုက်ပြောနေလေသည်။

"ရှင့်ကို မယုံဘူး သံမဏိတံတိုင်းကြီး......"

ရှင် ကျွန်မကိုအရမ်းဂရုစိုက်ရင် ပြောင်းလဲလိုက်ပါတော့......

‘ရှင်လူသတ်တာကို ရပ်စေချင်တယ်'

နောက်ဆုံးတော့ သူမရဲ့မှတ်ဉာဏ်တွေက အဲဒီနေရာကို ဖြတ်သွားခဲ့သည်။

***

"သံမဏိတံတိုင်းဆိုတာ ဘာလဲ"  ဟုသူ က စိတ်ဝင်တစား မေးလိုက်သည်။

“……”

"နိုးလ်?"

ရုတ်တရက် တိတ်ဆိတ်နေသော သူ၏ဇနီးကို ကြည့်လိုက်မိသည်။ သူမ၏အသက်ရှုသံက တသမတ်တည်းပင်။  သူမ မူးပြီး အိပ်ပျော်နေတာလား ?

"နိုးလ်"

သူထပြီး သူမကို ဂရုတစိုက် လက်လှမ်းမယ်လုပ်တုန်း သူမက မျက်လုံးဖွင့်ကြည့်ခဲ့သည်။ သူမက သူ့အား ပွေ့ဖက်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။

"အိုဘုရားရေ...."

အဘယ်ကြောင့်ဆိုသော် ထူးထူးခြားခြား လျင်မြန်သော ရူပါ့ခ်သည် သူမ၏ နှုတ်ခမ်းများကို သူ့လက်ဖဝါးဖြင့် ပိတ်ဆို့ထားသောကြောင့် ဖြစ်သည်။

“…အိုး။”

သူမက မကျေမနပ်နဲ့ ညည်းညူလိုက်သည်။

သူမ၏ပါးစပ်ကို ဖုံးအုပ်ထားသဖြင့် သူမ ဘာပြောနေမှန်းသူ မသိပေ။

ရူပါ့ခ်သည် သူမ၏ နူးညံ့သော နှုတ်ခမ်းများက သူ့လက်ဖဝါးအား ကျီစယ်နေသည့် ခံစားချက်ကြောင့် သူ့စိတ်ရှည်မှုကို စမ်းသပ်နေသလိုတောင် ခံစားလိုက်ရသည်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now