Chapter 47

669 64 10
                                    


မကြာသေးခင်ကမှ ရူပါ့ခ်မှာ အကောင်း၊အဆိုးပုံစံနှစ်မျိုးရှိလာခဲ့သည်။ ပထမဆုံးက သူ့‌ေခါင်းထဲမှာ ဖြေရှင်းစရာတွေအပြည့်နှင့် နိုးလ်နဲ့ လန့်ခ်ျကို စံအိမ်သို့ ပြန်ခေါ်ယူခြင်းဖြစ်သည်။

ဒါဟာ သူ့ဘဝမှာ ပထမဆုံး စိတ်ကျေနပ်မှုကိုထုတ်ပြခြင်းဖြစ်သည်။

ဒါပေမယ့် ပြဿနာတစ်ခုရှိမယ်ဆိုလျှင် ကျိန်စာ၏ တွန်းအားသည် ယခုနောက်ပိုင်းတွင် ပိုမိုပြင်းထန်လာခြင်းဖြစ်သည်။

ထုံးစံအတိုင်း သူ့ကိုယ်သူ ပြုမူဖို့လိုလေသည်။

'လူသတ်ဖို့ လိုတယ်'

ဒါပေမယ့် သူ ဘယ်သူကိုမှ ပေါ့ပေါ့ဆဆ မသတ်နိုင်ပါဘူး။

ယခုတော့ သေထိုက်သော ရာဇ၀တ်ကောင်ကို သူ အလိုရှိလေသည်။

ကံမကောင်းစွာနဲ့ပဲ သူအိမ်ခြံဝန်းက အလွန်အေးချမ်းလှလေသည်။  ဘယ်သူမှ ကွပ်မျက်လို့မရနိုင်ပေ။

မကောင်းဆိုးဝါးတွေချည်းပဲ ဖိနှိပ်ဖို့ မဖြစ်နိုင်ဘူး လို့ သူထင်ခဲ့သည်။ ဒါဆို နယ်မြေစစ်ပွဲစလိုက်သင့်သလား???

ယခင်ကကဲ့သို့ပင် သူ၏မကောင်းသတင်းကျော်ကြားမှုသည် ယခုတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားနှင့်ပြီးဖြစ်သည်။

စစ်ပွဲတစ်ခုစတင်ရန် သူသည် စတင်လုပ်ဆောင်သူဖြစ်ရမည်။

'သူ ဒါကိုမကြိုက်ဘူး။'

အခုခေတ်မှာ လူတွေကို သတ်တာက ပိုလို့တောင် ရွံ့ရှာစရာကောင်းလေသည်။

သူတစ်ပါးကိုသတ်ဖို့ အကြောင်းပြချက်ကောင်းတွေရှာရတာလည်း သူ့အတွက် ကြောက်စရာကောင်းတယ်။

တခါတရံ နိုးလ် နှင့် လန့်ခ်ျတို့၏ပုံသဏ္ဍာန်သည် သူ့အာရုံကိုဖမ်းစားခဲ့သည်။ ဒီလူနှစ်ယောက် သူ့စိတ်ထဲပေါ်လာတဲ့အခါ သူဘယ်လောက်တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ သူနားလည်သွားခဲ့သည်။

နောက်ဆုံးတွင် သူ၏နွေးထွေးသော စကားများဖြင့် သူမတို့ကို ပြန်လာစေခဲ့သည်။

ဒီနေရာက သူမတို့အတွက် အန္တရာယ်ရှိတဲ့ နေရာတစ်ခု ဖြစ်နိုင်ခြေရှိတယ်....

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now